Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

အိမ္ပတ္ဝန္းက်င္ အတြင္း ေလထုသန္႕စင္ဖို႕ အပင္ေလးေတြစိုက္ၾကစို႕

လူေတြအတြက္ မိမိတို႕ေနထိုင္ရာပတ္ဝန္းက်င္မွာ သန္႕ရွင္းလတ္ဆတ္တဲ့ေလေကာင္းေလသန္႕ေတြရရိွဖို႕လိုအပ္ပါတယ္။ေလထုညစ္ညမ္းအန႕ံအသက္မေကာင္းမႈေတြက လူေတြရဲ႕က်န္းမာေရးကုိ ဆိုးရြားစြာ ထိခိုက္ေစပါတယ္။ ဒီလို ေလထုညစ္ညမ္းမႈဒဏ္ကိုကာကြယ္ႏိုင္ဖို႕ မိမိတို႕ေနအိမ္ျခံေလးထဲမွာ၊ တိုက္ခန္းေလးအတြင္းမွာ ဒါမွမဟုတ္ ဝရံတာေလးေတြမွာ သစ္ပင္ပန္းမာန္ေလးေတြကုိ စိုက္ပ်ဳိးထားျခင္း ဟာ မသန္႕ရွင္းတဲ့ေလကို ဖယ္ရွားေပးျပီး လတ္ဆတ္တဲ့ေလေကာင္းေလသန္႕ကိုရရိွေစတာေၾကာင့္ မိသားစုေနအိမ္အတြင္ းေလထုကိုသန္႕စင္ေစတဲ့ အပင္ေလးေတြစိုက္ၾကဖို႕ေဖာ္ျပေပးလိုက္ပါတယ္။

ေက်ာက္ခက္ပန္း

ေက်ာက္ခက္ပန္းဟာ အေရာင္မဲ့ ေဖာ္မယ္ဒီဟိုက္ ဓာတ္ေငြ႔ေတြကို အျခားအပင္ေတြထက္ ပိုမိုစုပ္ယူႏိုင္စြမ္းရိွပါတယ္။ ဒီအပင္ေလးဟာ အိမ္အတြင္း အျခားညစ္ညမ္းေလေတြကုိ လည္း စုပ္ယူႏိုင္စြမ္း ရိွပါတယ္။ ဒါေၾကာင့္ မိမိတို႕အိမ္အတြင္း မေကာင္းတဲ့အန႕ံအသက္ေတြ ကို စုပ္ယူႏိုင္ဖို႕ ဒီေက်ာက္ခက္ပန္းအပင္ေလးကို စိုက္ပ်ဳိးသင့္ပါတယ္။ ေက်ာက္ခက္ပန္းအပင္ေလးကုိ အခုလိုေဆာင္းရာသီမ်ဳိးမွာ အထူးဂရုစိုက္ေပးဖို႕လိုပါတယ္။ ဒီအပင္ေလး ဟာ ေရၾကိဳက္တဲ့အတြက္ ေရမွန္မွန္ေလာင္းေပးဖို႕လိုပါတယ္။ ေန႕စဥ္နဲ႕အမ် အရြက္ေလးေတြကို ေရေအးေအးနဲ႕ဖ်န္းပက္ေပးပါ။

ထန္းပင္၊အုန္းပင္၊ဓနိပင္ ၊ေပပင္

ဒီအပင္ေလးေတြဟာလည္း အိမ္အတြင္း မေကာင္းတဲ့အန႕ံအသက္ေတြ၊ ညစ္ညမ္းေလေတြကို ေကာင္းစြာဖယ္ရွားႏိုင္စြမ္းရိွၾကပါတယ္။ ဒီအပင္ေလးေတြဟာ အပူခ်ိန္ကို လည္း ေကာင္းစြာထိန္းညိႈေပးႏိုင္စြမ္းရိွပါတယ္။

တိုင္ကပ္ႏြယ္ပင္

တိုင္ကပ္ႏြယ္ပင္ကို အိမ္အျပင္ဘက္မွာ စိုက္ပ်ဳိးထားရင္ ဒီအပင္ေလးဟာ အိမ္အျပင္ပတ္ဝန္းက်င္က လာတဲ့ဲ့ေျမာင္းပုတ္န႕ံလိ္ုမ်ဳိး အနံ႕ဆိုးေတြကို ဖ်က္ဆီးႏိုင္စြမ္း ရိွပါတယ္။အိမ္အတြင္းမွာ စိုက္ပ်ဳိးထားခဲ့ရင္ေတာ့ အေရာင္မဲ့ ေဖာ္မယ္ဒီဟိုက္ ဓာတ္ေငြ႔ေတြကိုထိေရာက္စြာ ဖယ္ရွားႏိုင္စြမ္းရိွျပန္တယ္။ဒီအပင္ေလးဟာ အပူအေအးမ်တမႈကို ၾကိဳက္တာေၾကာင့္ အိမ္အတြင္းမွာ စိုက္ပ်ဳိးသင့္ပါတယ္။ ေကာင္းစြာရွင္သန္ႏို္္င္ဖို႕အတြက္ အခုလိုေဆာင္းရာသီမ်ဳိးမွာ ပိုမို ဂရုစိုက္သင့္ပါတယ္။ အခါအားေလ်ာ္စြာ ေရေလာင္းေပးျခင္းျဖင့္ အရြက္ေလးေတြစိမ္းစုိေနေအာင္ဂရုစိုက္ေပးသင့္ပါတယ္။

ရွင္သီဝလိဂမုန္း

အိမ္ထဲမွာ ေကာင္းစြာဖူးပြင့္ၾကတဲ့အပင္ေတြထဲမွာ အပင္တစ္မ်ဳိးျဖစ္တဲ့ ရွင္သီဝလိဂမုန္း ဟာလည္း အေရာင္မဲ့ဓာတ္ေငြ႕ေတြကို ေကာင္းစြာဖယ္ရွားႏိုင္စြမ္းရိွပါတယ္။ အိမ္အတြင္းမေကာင္းတဲ့အန႕ံအသက္ေတြကုိ သန္႕ရွင္းေပးျပီး လတ္ဆတ္တဲ့ေလေကာင္းေလသန္႕ကို စြမ္းေဆာင္ေပးပါတယ္။ဒါေပမယ့္ ဒီအပင္ေလးရဲ႕ အရြက္ဟာ ကေလးေတြနဲ႕ အိမ္ေမြးတိရိစၦာန္ေတြကို အဆိပ္သင့္ေစတဲ့အာနိသင္ရိွေနတာေၾကာင့္ ကေလးမိဘမ်ားနဲ႕ အိမ္ေမြးတိရိစၦာန္ေမြးျမဴထားသူမ်ားအထူးသတိထားစရာျဖစ္ပါတယ္။

ေရႊလာေငြလာဂမုန္း

ဒီအပင္ေလးဟာ အေရာင္မဲ့ဓာတ္ေငြ႕ကိုဖယ္ရွားႏုိ္င္စြမ္းအားမေကာင္းေပမယ့္ ညစ္ညမ္းေလေတြကိုေတာ့ ထိေရာက္စြာ ဖယ္ရွားႏိုင္စြမ္းရိွပါတယ္။ ဥယ်ာဥ္စိုက္ပ်ဳိးတဲ့အေတြ႕အၾကံဳမရိွသူေတြအတြက္ ဒီအပင္ေလးဟာ စမ္းသပ္စိုက္ပ်ဳိးဖို႕ေကာင္းတဲ့အပင္တစ္မ်ဳိးျဖစ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ေရမ်ားမ်ားေလာင္းမိရင္လည္း ခံႏိုင္ရည္စြမ္းရိွတဲ့အပင္တစ္မ်ဳိးျဖစ္ေနတာေၾကာင့္ျဖစ္ပါတယ္။

Author:Emily Main
-----------------------------------------------------------------------------------------------
အိမ်ပတ်ဝန်းကျင် အတွင်း လေထုသန့်စင်ဖို့ အပင်လေးတွေစိုက်ကြစို့

လူတွေအတွက် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ သန့်ရှင်းလတ်ဆတ်တဲ့လေကောင်းလေသန့်တွေရရှိဖို့လိုအပ်ပါတယ်။လေထုညစ်ညမ်းအနံအသက်မကောင်းမှုတွေက လူတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒီလို လေထုညစ်ညမ်းမှုဒဏ်ကိုကာကွယ်နိုင်ဖို့ မိမိတို့နေအိမ်ခြံလေးထဲမှာ၊ တိုက်ခန်းလေးအတွင်းမှာ ဒါမှမဟုတ် ဝရံတာလေးတွေမှာ သစ်ပင်ပန်းမာန်လေးတွေကို စိုက်ပျိုးထားခြင်း ဟာ မသန့်ရှင်းတဲ့လေကို ဖယ်ရှားပေးပြီး လတ်ဆတ်တဲ့လေကောင်းလေသန့်ကိုရရှိစေတာကြောင့် မိသားစုနေအိမ်အတွင် းလေထုကိုသန့်စင်စေတဲ့ အပင်လေးတွေစိုက်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။

ကျောက်ခက်ပန်း

ကျောက်ခက်ပန်းဟာ အရောင်မဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့တွေကို အခြားအပင်တွေထက် ပိုမိုစုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒီအပင်လေးဟာ အိမ်အတွင်း အခြားညစ်ညမ်းလေတွေကို လည်း စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် မိမိတို့အိမ်အတွင်း မကောင်းတဲ့အနံအသက်တွေ ကို စုပ်ယူနိုင်ဖို့ ဒီကျောက်ခက်ပန်းအပင်လေးကို စိုက်ပျိုးသင့်ပါတယ်။ ကျောက်ခက်ပန်းအပင်လေးကို အခုလိုဆောင်းရာသီမျိုးမှာ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီအပင်လေး ဟာ ရေကြိုက်တဲ့အတွက် ရေမှန်မှန်လောင်းပေးဖို့လိုပါတယ်။ နေ့စဥ်နဲ့အမျ အရွက်လေးတွေကို ရေအေးအေးနဲ့ဖျန်းပက်ပေးပါ။

ထန်းပင်၊အုန်းပင်၊ဓနိပင် ၊ပေပင်

ဒီအပင်လေးတွေဟာလည်း အိမ်အတွင်း မကောင်းတဲ့အနံအသက်တွေ၊ ညစ်ညမ်းလေတွေကို ကောင်းစွာဖယ်ရှားနိုင်စွမ်းရှိကြပါတယ်။ ဒီအပင်လေးတွေဟာ အပူချိန်ကို လည်း ကောင်းစွာထိန်းညှိုပေးနိုင်စွမ်းရှိပါတယ်။

တိုင်ကပ်နွယ်ပင်

တိုင်ကပ်နွယ်ပင်ကို အိမ်အပြင်ဘက်မှာ စိုက်ပျိုးထားရင် ဒီအပင်လေးဟာ အိမ်အပြင်ပတ်ဝန်းကျင်က လာတဲဲ့့မြောင်းပုတ်နံလိ်ုမျိုး အန့ဆိုးတွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။အိမ်အတွင်းမှာ စိုက်ပျိုးထားခဲ့ရင်တော့ အရောင်မဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့တွေကိုထိရောက်စွာ ဖယ်ရှားနိုင်စွမ်းရှိပြန်တယ်။ဒီအပင်လေးဟာ အပူအအေးမျတမှုကို ကြိုက်တာကြောင့် အိမ်အတွင်းမှာ စိုက်ပျိုးသင့်ပါတယ်။ ကောင်းစွာရှင်သန်နို််င်ဖို့အတွက် အခုလိုဆောင်းရာသီမျိုးမှာ ပိုမို ဂရုစိုက်သင့်ပါတယ်။ အခါအားလျော်စွာ ရေလောင်းပေးခြင်းဖြင့် အရွက်လေးတွေစိမ်းစိုနေအောင်ဂရုစိုက်ပေးသင့်ပါတယ်။

ရှင်သီဝလိဂမုန်း

အိမ်ထဲမှာ ကောင်းစွာဖူးပွင့်ကြတဲ့အပင်တွေထဲမှာ အပင်တစ်မျိုးဖြစ်တဲ့ ရှင်သီဝလိဂမုန်း ဟာလည်း အရောင်မဲ့ဓာတ်ငွေ့တွေကို ကောင်းစွာဖယ်ရှားနိုင်စွမ်းရှိပါတယ်။ အိမ်အတွင်းမကောင်းတဲ့အနံအသက်တွေကို သန့်ရှင်းပေးပြီး လတ်ဆတ်တဲ့လေကောင်းလေသန့်ကို စွမ်းဆောင်ပေးပါတယ်။ဒါပေမယ့် ဒီအပင်လေးရဲ့ အရွက်ဟာ ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို အဆိပ်သင့်စေတဲ့အာနိသင်ရှိနေတာကြောင့် ကလေးမိဘများနဲ့ အိမ်မွေးတိရိစ္ဆာန်မွေးမြူထားသူများအထူးသတိထားစရာဖြစ်ပါတယ်။

ရှေလာငွေလာဂမုန်း

ဒီအပင်လေးဟာ အရောင်မဲ့ဓာတ်ငွေ့ကိုဖယ်ရှားနို်င်စွမ်းအားမကောင်းပေမယ့် ညစ်ညမ်းလေတွေကိုတော့ ထိရောက်စွာ ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ ဥယျာဥ်စိုက်ပျိုးတဲ့အတွေ့အကြံုမရှိသူတွေအတွက် ဒီအပင်လေးဟာ စမ်းသပ်စိုက်ပျိုးဖို့ကောင်းတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရေများများလောင်းမိရင်လည်း ခံနိုင်ရည်စွမ်းရှိတဲ့အပင်တစ်မျိုးဖြစ်နေတာကြောင့်ဖြစ်ပါတယ်။





Author:
Emily Main

No comments:

Post a Comment