Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

ကြီးလာရင်မော်ဒယ်လုပ်ပြီး ရှိုးလျှောက်မယ့် စစ်လွန်းဝတီထက်

၃ နှစ်ကျော်သာရှိသေးတဲ့ စစ်လွန်းဝတီထက်လေးက မိဘများဖြစ်တဲ့ ထက်ထက်မိုးဦး၊ စိုင်းလွှမ်း (ဇူးမြတ်ထက်) တို့နဲ့အတူ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေသလို လက်ရှိမှာလည်း ပြက္ခဒိန်တွေ၊ ပိုစတာတွေကို အများဆုံးရိုက်ကူးဖြစ်ရကြောင်းသိရပါတယ်။ မိဘနှစ်ပါးစလုံးရဲ့ အနုပညာသွေးတွေ စီးဆင်းနေတဲ့ စစ်လွန်းဝတီလေးဟာ ခု အရွယ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ လှုပ်ရှားနေတာကြောင့် သူ့ရဲ့ဝါသနာကိုမေးကြည့်ဖြစ်ခဲ့တဲ့အခါ ”ခုကNursery (မူကြို)တက်နေတာ။ ပြက္ခဒိန်တွေလည်း ရိုက်တယ်။ မေမေနဲ့ပါးပါးနဲ့အတူ ကြော်ငြာရိုက်ထားတယ်။
ပါးပါးသီချင်းခွေထဲက မမ ဝတ်မှုံရွှေရည်နဲ့သရုပ်ဆောင်ထားတဲ့သီချင်းကိုကြိုက်တယ်။ မီးမီးက ခုသီချင်း ၄ ပုဒ်ပဲရသေးတယ်။ ဖေဖေရှုတင်သွားရင် မီးမီး ကမလိုက်ဘူး။ အသားမည်းမှာစိုးလို့။ မေမေ ကလည်းမလိုက်ခိုင်းသေးဘူး။ မူကြိုတက်နေတာ။ မီးမီးကြီးလာရင် သရုပ်ဆောင် မလုပ်ဘူး။ မော်ဒယ်လုပ်ပြီးရှိုးလျှောက်မှာ။ သီချင်းဆိုရ တာ လည်းကြိုက်တယ်လို့ စစ်လွန်းဝတီ ထက်လေးက ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်လွန်းဝတီလေးကမိဘများနဲ့ အတူ ပြည်ပကိုအလည် အပတ်ခရီး သွားနေ ပါ တယ်။
သိမ့်သိမ့်
http://www.popularmyanmar.com

No comments:

Post a Comment