Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

အသက် အကြီးဆုံး မော်ဒယ်


အေသင်အောင်
       အမေရိကန်မော်ဒယ် ကာမန်းဟာ အသက် (၁၅) နှစ်အရွယ် ကတည်းက မော်ဒယ် အဖြစ် အသက်မွေး ၀မ်းကျောင်း ပြုလုပ်ခဲ့ ပါတယ်။           သူဟာ ထင်ရှားတဲ့ မော်ဒယ်အဖြစ် ရပ်တည်နိုင် ခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင် အဖြစ်လည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ ထူးခြား တာက အသက် (၈၂) နှစ်အထိ မော်ဒယ် အဖြစ် လုပ်ကိုင် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကာမန်းရဲ့ အသက် (၈၂) နှစ်ပြည့် မွေးနေ့မှာ အထိမ်းအမှတ် အနေနဲ့ ဖက်ရှင် ကုမ္ပဏီတစ်ခု အတွက် ဓာတ်ပုံ ရိုက်ကူးမှု ပြုလုပ်ပေးခဲ့ တာကြောင့် အသက် အကြီးဆုံး မော်ဒယ် ဖြစ်လာခဲ့ ပါတယ်။ လန်ဒန် အနုပညာ တက္ကသိုလ် ကလည်း ဂုဏ် ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ ဖူးတဲ့ ကာမန်းဟာ အဘိုး ဖြစ်သူရဲ့ မိတ်ဆက်ပေး မှုကြောင့် Vogue မဂ်္ဂဇင်းမှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင်ခွင့် ရခဲ့ပြီး ၁၉၄၆ မှာ တစ်နာရီကို သရုပ်ဆောင်ခ (၈) ဒေါ်လာသာရခဲ့ ပါတယ်။ တဖြည်းဖြည်း ကျော်ကြားလာ ခဲ့ပြီး အနားယူချိန်မှာ ဒေါ်လာ သန်းပေါင်း များစွာ ရှာဖွေနိုင်ခဲ့ ပါတယ်။  ဒါပေမဲ့ စီးပွားရေး တစ်ခု လုပ်ဆောင်ရာမှာ ငွေကြေးတွေ အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ကာမန်းဟာ အိမ်ထောင် သုံးခါပြုခဲ့ပြီး သမီးတစ်ဦး ရရှိခဲ့ ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=29501

No comments:

Post a Comment