Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

မြန်မာ စတော့အိတ်ချိန်း စတင်ပါက တရုတ် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ


ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ စတော့အိတ်ချိန်း စတင်ပါက တရုတ် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည်ဟု ချန်ဒူးအခြေစိုက် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ပထမဦးဆုံး စတော့ရှယ်ယာဈေးကွက် စတင်ရန် ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းကို တည်ထောင်မည်ဖြစ်ရာ တရုတ်စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများက စာရင်းဝင် လုပ်ငန်းများထံတွင် ရင်းနှီးမြှုပ်နှံကြရန် စီစဉ်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံ စီချွမ်အခြေစိုက် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ နိုင်ငံပြင်ပ ရင်းနှီးမြှုပ်နှံမှုများကို အရှေ့တောင်အာရှ နိုင်ငံများ၊ အထူးသဖြင့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုကြခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင်လည်း တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း အများအပြား ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြပြီး ၂၀၁၂ ခုနှစ် ဧပြီလ၌ စတင်တည်ထောင်သည့် ကမ္ဘောဒီးယား စတော့အိတ်ချိန်းဝင် ကုမ္ပဏီများထံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက အရင်းအနှီးပမာဏ ကြီးမားစွာ ထည့်ဝင်ထားသည်ဟု ဆိုသည်။
တရုတ်သည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အထည်ချုပ်စက်ရုံ၊ စိုက်ပျိုးရေး၊ အိမ်ခြေမြေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်း၊ လယ်ယာထွက်ကုန် အခြေခံ အဆင့်မြင့် ထုတ်ကုန်၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် ကျန်းမာရေးကဏ္ဍတို့၌ အဓိက ရင်းနှီးမြှုပ်နှံ လိုနေခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း အာဆီယံ စီးပွားရေးအသိုက်အဝန်း စတင်နိုင်မည်ဖြစ်ရာ အာရှဒေသတွင်း စီးပွားရေးအတွက် အရေးပါသည့် အလှည့်အပြောင်း ဖြစ်လာမည်ဟု တရုတ်က မျှော်လင့်ထားသည်။ အာဆီယံဈေးကွက်သည် လူဦးရေ သန်း ၆၀၀ ရှိပြီး စီးပွားရေးပမာဏ ကန်ဒေါ်လာ သုံးထရီလီယံ ရှိလာခြင်းကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည့် ဒေသတစ်ခု ဖြစ်လာသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၄,၄၉၃ သန်းကျော် ဝင်ရောက်ထားပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ၏ ၂၃ ဒသမ ၄၃ ရာခိုင်နှုန်းရှိနေသည်။
Mizzima

No comments:

Post a Comment