Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

ရေနံဈေး ကျလို့ ဥရောပ ဇုန်မှာ ငွေကျုံ့ဝင်မှု ကြုံတွေ့

ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၄၀ အောက်ထိ ကျဆင်းနိုင်
ကမ္ဘာ့ ရေနံဈေးနှုန်းတွေ ဆက်လက် ကျဆင်းနေရာမှာ ၂၀ဝ၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အဖြစ် ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၅၀ အောက်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။

အခု ရေနံဈေးက ပြီးခဲ့တဲ့ တနဂင်္နွေနေ့က အရောင်း အဝယ် ဖြစ်တဲ့ ဈေးထက် ၁၀ ရာခိုင်နှုန်း ပိုလျော့ကျ သွားတာ ဖြစ်ပါတယ်။

ရေနံ ဈေးကျတဲ့ အတွက် ငွေကြေး ကျုံ့ဝင်မှု ဖြစ်ပြီး ဥရောပ ဇုန်အတွင်းမှာ စားသုံးကုန် ဈေးနှုန်းတွေလည်း ပထမဆုံးအကြိမ် ကျဆင်း သွားခဲ့ပါတယ်။

ဝယ်လိုအားထက် ရောင်းလိုအားက ပိုများနေတဲ့ အတွက် ဈေးထပ်ကျနိုင် သေးတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက တစ်စည်ကို ၁၁၀ ဒေါ်လာ ကျော် ရှိခဲ့တဲ့ ရေနံစိမ်း ဈေးဟာ ဒေါ်လာ ၄၀ အောက်အထိ ထပ်မံ ကျဆင်းသွားနိုင်တယ်လို့လည်း တချို့က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150107_energy_falls_euro_deflation

No comments:

Post a Comment