အတိုက်အခံ ခေါင်းဆောင် Khaleda Zia (ဝဲ)နဲ့ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina (ယာ) |
အစိုးရ ဆန့်ကျင်သူတွေက လမ်းတွေကို ပိတ်ဆို့ခဲ့ပြီး၊ ၂၉ ဦး သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိခဲ့ကာ၊ ဒီ မငြိမ်သက်မှုတွေကို အာဏာပိုင်တွေက ခက်ခက်ခဲခဲ ကိုင်တွယ် နေရပါတယ်။
ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ဖို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့တုန်းက အတိုက်အခံ ခေါင်းဆောင် Khaleda Zia က ဆော်သြခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina က အတိုက်အခံတွေကို စစ်သွေးကြွတွေ အဖြစ် အင်္ဂါနေ့က ပြောဆို ရှုတ်ချ ခဲ့ပါတယ်။
အတိုက်အခံ ခေါင်းဆောင်နဲ့ လက်ရှိ ဝန်ကြီးချုပ်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တစ်လှည့်စီ အာဏာရခဲ့ကြပြီး ပိတ်ဆို့ ဆန္ဒပြမှုတွေကို အတိုက်အခံ ဘဝမှာ ၂ ယောက်စလုံးက ပြုလုပ် ခဲ့ကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150121_bangladesh_arrests_7000_activists
No comments:
Post a Comment