Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

လားရှိုး၌ ကျောက်စိမ်းတုံးများနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ


လားရှိုး ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်များက သတင်းအရ နေအိမ်ခြံဝင်းတစ်ခု အတွင်း ဝင်ရောက်ရှာဖွေရာ၊ ကျောက် စိမ်းတုံး အမြောက်အမြားနှင့် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးသွင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ဇော်မျိုးနိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် နံနက် ၁ဝ နာရီက လားရှိုးမြို့ ရပ်ကွက် (၇) နယ်မြေ(၄) ရန်ကင်းလမ်းရှိ ဦးထွန်း ထွန်း၏နေအိမ် အိပ်ခန်းအတွင်းရှိ လက်ဆွဲအိတ်အတွင်းမှ အအေး စုပ်ပိုက်ငယ်များအတွင်း ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ပြားစီပါ ၁၆ ပိုက် စုစုပေါင်းဆေးပြား ၁၆ဝ၊ အလေးချိန် ၁၆ ဂရမ်နှင့် ပလတ် စတစ်အိတ်ဖြင့်ထည့်လျက် ဘိန်းဆီ ခဲ ၃၄ ဂရမ်ခန့်ပါ တစ်ထုပ်တို့ကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။

ယင်းအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်၏အရှေ့ဘက် အလုပ်ရုံးခန်း အတွင်းမှ ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၂၉တုံး၊ စုစုပေါင်းအလေး ချိန် ၂၃၉ ကီလို၊ ကျောက်စိမ်းဖြတ်စ အတုံး ၉ဝ ပါ တစ်အိတ်၊ အလေးချိန် ခြောက်ကီလို၊ ကျောက်စိမ်းဖြတ်စ ၂၅ တုံးပါတစ်အိတ်၊ အလေးချိန် ၂၈ ကီလို စုစုပေါင်းအလေးချိန် ၃၂၁ ကီလိုကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့် ကျောက် စိမ်းတုံးများ လက်ဝယ်တွေ့ရှိသူ ဦးထွန်းထွန်း(၄၃ နှစ်)ကို လားရှိုး မြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီး အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နေမျိုးနွယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment