Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 19, 2015
ကိုရီးယားမှာနိုင်ငံသားဖြစ်ဖို့ လွယ်ပါသလား ရန်ဟီလီ
Monday, January 19, 2015
ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ် ရှိ ကြေးသွန်းဘုရားရှေ့တွင် လူစုကာ တာမွေမြို့နယ် ကျိုက္ကဆံကွင်း ဟစ်တိုင် သို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ယင်း ဆန္ဒပြပွဲတွင် မန္တလေးမစိုးရိမ်ကျောင်း တိုက်မှ သံဃာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူနှင့် မကွေးကျောင်း ဆရာတော် ဦးပါမေက္ခတို့ ဦးဆောင် ပါဝင်ခဲ့သည်။
Hot News Weekly
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
Monday, January 19, 2015
ဘင်္ဂါလီများကို နိုင်ငံသားအခွင့် အရေးပေးရန် ကုလသမဂ်္ဂ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက် သည့်အနေနှင့် ဇန်နဝါရီလ (၁၆)ရက်နေ့ က သံဃာတော်များအပါအဝင်လူပေါင်း ရာနှင့်ချီ၍ ရန်ကုန်မြို့တော်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
ရှေတိဂုံစေတီတော်အရှေ့ဘက်မုခ် ရှိ ကြေးသွန်းဘုရားရှေ့တွင် လူစုကာ တာမွေမြို့နယ် ကျိုက္ကဆံကွင်း ဟစ်တိုင် သို့ လမ်းလျောက်ဆန္ဒပြခဲ့ကြပြီး ယင်း ဆန္ဒပြပွဲတွင် မန္တလေးမစိုးရိမ်ကျောင်း တိုက်မှ သံဃာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူနှင့် မကွေးကျောင်း ဆရာတော် ဦးပါမေက္ခတို့ ဦးဆောင် ပါဝင်ခဲ့သည်။
““မြန်မာပြည်သူပြည်သားများဟာ ကိုယ့်ကံကြမ္မာကို ကိုယ့်ပြည်သူပြည်သား များသာ ဖန်တီးခွင့်ရှိတယ်။ တရားဝင် ရိုဟင်ဂျာမရှိဘူးလို့ အစိုးရပြောတယ်။ အစိုးရတာဝန်ကျေတယ်။ မြန်မာအစိုးရ လည်းပါဝင်ရမှာဖြစ်ပြီး ပါတီ၊ လူမှုအဖွဲ့ အစည်း၊ တိုင်းရင်းသားပြည်သူတွေ ပူး ပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပြီ။ တစ်နိုင်ငံ လုံးရဲ့ အချုပ်အခြာအာဏာကို ထိပါး တာဖြစ်တယ်””ဟု ဆရာတော်ဦးဝိစိတ္တ (ကလောင်အမည်ဝေဒသူ)ကမိန့်ကြား သည်။
““Ms. Yanheeleeတို့ နိုင်ငံတော် အစိုးရကို ဖိအားပေးတောင်းဆိုတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံသားဖြစ် ဖို့ စည်းမျဥ်းသတ်မှတ်ဖို့ဘယ်လိုသတ်မှတ် ခဲ့သလဲ။ ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော် သီချင်း(၃)ပုဒ်ကို ကြိုက်နှစ်သက်ရာ (၁) ပုဒ်ကို ဆိုနိုင်မယ်။ ကိုရီးယားလေယူ လေသိမ်းအတိုင်းဆိုပြနိုင်ရမယ်။ ကိုရီး ယားနိုင်ငံရဲ့သမိုင်းကြောင်းရေးဖြေအောင် တာက နှစ်နံပါတ်၊ သုံးနံပါတ်က အမေရိ ကန်ဒေါ်လာ (၃၀၀၀၀) မြန်မာငွေနဲ့ဆို ရင် သိန်း(၃၀)လောက်အကုန်အကျခံပြီး သူတို့နိုင်ငံရဲ့ သတ်မှတ်ချက်စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာနိုင်ရမည်။ ကိုရီးယားနိုင်ငံရဲ့အခွင့်အရေးအပြည့် အဝခံစားရပြီလား။ မခံစားရပါဘူး။ သူ့ နိုင်ငံမှာ အနည်းဆုံး(၅)နှစ်နေဖူးရမည်။ မြန်မာပြည်က အလုပ်သမား(၄)နှစ် (၁၀) လဆိုရင် မဖြစ်မနေပြန်ရမည်။ (၅)နှစ် ပြည့်အောင် မထားဘူး။ သူတို့နိုင်ငံလို ၁၉၈၅ ခုနှစ် နိုင်ငံသားဥပဒေလို စည်း ကမ်းနဲ့အညီလုပ်တာလည်း မဟုတ်ဘဲ။ ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားရိုဟင် ဂျာအဖြစ် သတ်မှတ်မည်ဆိုတာ လူမျိုး ပျောက်သွားမယ်။ တိုင်းပြည်ပျောက်သွား မယ်။ ဘုန်းကြီးတို့နိုင်ငံမှာ တိုင်းပြည်နိုင်ငံ လူမျိုးမပျောက်ရေး ဘုန်းကြီးတို့အမိ မြန်မာနိုင်ငံကို ကာကွယ်သွားမယ်””ဟု မကွေးကျောင်းဆရာတော် ဦးပါမောက်္ခ ကမိန့်ကြားသည်။
မြန်မာအစိုးရနှင့် နိုင်ငံသားများက အသိအမှတ်ပြုခြင်းမရှိသည့် ရိုဟင်ဂျာ ဆိုသူများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကာ အခွင့်အရေးအပြည့် အဝပေးရန် ကုလသမဂ္ဂညီလာခံတွင် ပြီး ခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဆုံး ဖြတ်ချက်ချခဲ့သဖြင့် ယင်းသို့ ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ အမျိုးသားကွန်ရက်မှ အထွေထွေအတွင်း ရေးမှူးဦးနောင်တော်လေးက ပြောကြား သည်။
Hot News Weekly
No comments:
Post a Comment