Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

ဆောင်းရာသီ အပူကန်လည်ချောင်းနာခြင်းအတွက် လွယ်ကူမြန်ဆန် ဆေးမြီး တိုလေးများ

ဆောင်းရာသီ အပူကန်လည်ချောင်းနာခြင်းအတွက် လွယ်ကူမြန်ဆန် ဆေးမြီး တိုလေးများ
ကိုယ်အတွင်း အပူလွန်ကဲသူ များဟာ ဆောင်းတွင်း ရောက်တဲ့အခါ အပူအအေးမမျှတ တော့ဘဲ လည်ချောင်းနာလေ့ရှိပါ တယ်။
လည်ချောင်းနာတဲ့ဝေဒ နာဟာ လည်ချောင်းထဲကို မီးစ နဲ့အထိုးခံရသကဲ့သို့ စူးရှပူ လောင်စွာခံစားရပြီး
ရေနှင့် တံတွေးတို့ကိုပင်မျိုချရန် ခက် ခဲပါတယ်။ ဝမ်းချုပ်ခြင်း၊ ရေ သောက်နည်းခြင်း၊ ရေမချိုး ခြင်းတို့ကလည်း ကိုယ်တွင်းအ ပူလွန်ကဲမှုကို တွန်းအားဖြစ်စေ ပါတယ်။
ဒါကြောင့် ဆောင်းတွင်း ရောက်တဲ့အခါ သာမန်ထက်ရေပို ၍သောက်ပေးသင့်ပြီး ရေခဲနှင့် ရေခဲ ရေတို့ ကိုတော့ လုံးဝရှောင်ရှားပေးရပါမယ်။ ပုံမှန်ရေချိုးနေကျအ တိုင်း တစ်နေ့နှစ်ကြိမ်(သို့ မဟုတ်)အနည်းဆုံး တစ်ကြိမ် နေ့စဉ်ရေချိုးပေးဖို့လိုပါ တယ်။ ကိုယ်လက်လှုပ်ရှား လမ်းများများလျှောက်ခြင်း၊ ကောက်ညှင်း
ပေါင်းနှင့် ကောက်ညှင်းဖြင့် လုပ်ထားသော မုန့်များကိုရှောင်ခြင်း၊ ဟင်းနုနယ်ရွက် မုန်ညင်းစိမ်းတို့လို အစိမ်းရောင်ရင့်ရင့် အမျှင်ဓာတ်များသော ဟင်းရွက်များ ကိုစားခြင်း သင်္ဘောသီးမှည့်၊ ဖီးကြမ်းငှက်ပျော သီးမှည့်တို့ လို ဝမ်းပျော့စာတွေကိုစားရင်းဖြင့် ဝမ်းမချုပ်အောင်နေ ထိုင်သင့်ပါတယ်။
(၁) ချင်းပါးပါးခုနစ်လွှာကို ထန်းလျက်အညိုသုံးလုံး ထည့်ကာ၊ ရေသုံးခွက်တစ်ခွက်တင်ကြို၍သောက်ပါ။
(၂) ဟင်းလျာများတွင် ကြက်သွန်ဖြူများများထည့် ချက်ပါ(သို့မဟုတ်) ကြက်သွန်ဖြူများများထည့်၍ ဆန်ပြုတ် ကျိုသောက်ပါ။
(၃) ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုချဉ် ဟင်းချက်၍စားပါ။
(၄) ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်ပေါ်သွေး၍ နာနေတဲ့လည် ချောင်းတစ်ပြင်လုံးကို လိမ်းကျံပေးပါ။ ကြက်ဟင်းခါးသီးပြုတ်ရည်သောက်ပါ။
(၅) ပျဉ်းတော်သိမ်ရွက်လက်တစ်ဆုပ်စာခန့်ကို ရေ စင်စင်ဆေးပြီး အိုးသန့်သန့်မှာ သုံးခွက်တစ်ခွက် တင် ပြုတ်ပါ။ ၄င်းရေခပ်နွေးနွေးဖြင့် ပလုတ်(အာ လုတ်) ကျင်းပေးပါ။ ချက်ချင်းထွေးမပစ်ဘဲ ငုံနိုင်သမျှငုံ ထားပါ။ (မျိုချရန်မလို) အာ သီးရောင်ခြင်းအတွက်ကိုပါ ကောင်းကျိုး ပြုပါတယ်။
(၆) ရေနွေးကို ပွက်ပွက်ဆူ အောင်ကျိုပြီး ပင်စိမ်းရွက်ခပ်ကာ သောက်ပေးပါ(သို့မဟုတ်) ပလုတ် ကျင်းပေး ပါ။
(၇) သံပရာသီးတစ်လုံးကို အစေ့ဖယ် အရည်မညှစ်ဘဲ ခပ်ပါး ပါးအချပ်လေးတွေလှီးထားပါ။ ချင်းလက်နှစ် ဆစ်ခန့်ကို အခွံနွှာပြီး နောက် ခပ်ပါးပါး အချောင်းမျှင်မျှင် လေးတွေရအောင် လှီးဖြတ်ပါ။ စော စောကလှီး
ဖြတ်ထားတဲ့ သံပရာသီးအ လွှာချပ်လေးတွေနဲ့ ချင်းအချောင်းလေး တွေကို ခြောက်သွေ့ သန့်ရှင်းတဲ့ ဖန်ပု လင်း လွတ်တစ်လုံးထဲမှာထည့်ပြီး ၄င်းတို့မြုပ်ရုံပျားရည် စစ်စစ်ကို အပေါ်က လောင်းချပေးပါ။ ပြီးရင် ဖန်ပု လင်းလေလုံအောင် အဖုံးကို ကျပ်ကျပ်ပိတ်၍ ထိုအရောအ နှောသုံးမျိုး ဂျယ်လီပုံစံပြောင်းသွားတဲ့ အထိ ရေ ခဲသေတ္တာ ထဲမှာ သိမ်းထားရပါမယ်။
ဂျယ်လီဖြစ်လာတဲ့အခါ ၄င်း ကိုဇွန်းနဲ့ခပ်ကာ မတ်ခွက်တစ်ခွက်ထဲပြောင်းထည့်ပြီး ရေ နွေးဆူဆူလောင်းချ၍ ခပ်နွေးနွေးအနေအထားမှာစားလို့ ရပါပြီ။ ပျားရည်နဲ့ဓာတ်ပြုထားတာကြောင့် သံပရာခွံကို ဝါးစားလို့ရပါ တယ်။၎င်း အချိုးအစားအတိုင်း တစ်နေ့တစ် ကြိမ်ကျသောက်ပေးခြင်းဖြင့် သုံးရက်မျှကြာတဲ့အခါ အ ပူကန် လည်ချောင်းနာ များပျောက်ကင်းသွားပါလိမ့် မယ်။ (ပုလင်းဖုံး လုံလုံပိတ် ပြီး ရေခဲသေတ္တာထဲမှာ နှစ်လ၊ သုံးလကြာတဲ့အထိ သိမ်း ထားလည်း ဆေးဓာတ်မပြယ်နိုင်ပါဘူး။
(၈) မန်ကျည်းသီးမှည့်ကို ဆား၊ အညိုရောင်ထန်း လျက်တို့ဖြင့် ဖျော်ရည်လုပ်သောက်ပြီး ¤င်းမန်ကျည်သီး အဖတ်တွေကို ဝါးစားပါ။ (ရေခဲမထည့်ရ)
(၉) သံပရာရည်ကိုအပူပေး၍ ပျားရည်ဖြင့်ရော၍ လျက်ပေးပါ။
(၁ဝ) ဒန့်သလွန်ပင်မြစ်ကို ထုထောင်းကြိတ်ချေ၍ အရည်ကိုညှစ်ယူကာ စားပွဲတင်ဇွန်းတစ်ဇွန်းခန့် နေ့ စဉ် သောက်ပါ။ လည်ချောင်းနာသာမက အသံဝင်၊ အ သံပျက်ခြင်းကိုလည်းပျောက်ကင်းစေနိုင်ပါ တယ်။
(၁၁) ဆီးဖြူရွက်ကို ရေနဲ့သုံး ခွက်တစ်ခွက်တင်ကြို၍ အာလုတ် (ပလုတ်)ကျင်းပေးပါ၊ လျှာကွဲ၊ ပါးစပ်ကွဲ (ကျီးကန်းပါးစပ်)တွေ ကိုပါပျောက်ကင်းစေပါတယ်။
(၁၂) ဧကရာဇ်ပင်၏အမြစ်ကိုသွေး၍ ဆန်ဆေး ရည်နဲ့သောက်ပါ။
(၁၃) စိမ်းစားဥ၊ ဖရဲ သီးစားပါ။
(၁၄) စွန်ပလွန်သီး မှည့်(သို့မဟုတ်)စွန်ပလွန် သီးယိုစားပါ။
(၁၅) ခရမ်းကစော့သီး စားပါ (သို့မဟုတ်) ခရမ်းကစော့ သီးပင်၏အရွက်ပြုတ်ရည်သောက်ပါ။
(၁၆) ခံတက်ရွက်သုပ်စားပါ (သို့ မဟုတ်) ခံတက်ရွက်ပြုတ်ရည်သောက်ပါ။
(၁၇) ကြောင်ပန်းရွက်သုပ်စားပါ (သို့မ ဟုတ်) ကြောင်ပန်းရွက်ပြုတ်ရည်သောက်ပါ။
(၁၈) ကန်စွန်းရိုးနီကို အညိုရောင်ထန်းလျက်ဖြင့် ပြုတ်သောက်ပါ။
(၁၉) ရေကြက်သီးမွှေးခွက်တစ်ခွက်ထဲကို ဆား လက် ဖက်ရည်ဇွန်းဖြင့် လေးပုံတစ်ပုံခန့်ထည့်ပါ။ ထိုအရောအ နှောထဲကို ပိုးသေစေနိုင်သော အာနိသင်ဖြစ်အောင် လစ် စထရင်း ပလုတ်ကျင်းဆေး ရည် လက်ဖက်ရည်ဇွန်း တစ် ဇွန်းထည့်၍ ပလုတ်(အာလုတ်)ကျင်းပါ။ (မျိုမချပါနှင့်)
-ပေါက်ပေါက် |
 TheYangonTimes

No comments:

Post a Comment