Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ဒုတိယအကြိမ်ရုံးထုတ် အာမခံလျှောက်

ဓာတ်ပုံ – ကိုမင်းနေထူး
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီး တရားစွဲ ခံကြရတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူငါးဦးကို ရန်ကုန်တိုင်း ဒဂုံမြို့ နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေး ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (၀င်း) ခေါ်ဒေါ်လေးလေးနဲ့ ကိုတင်ထွဋ်ပိုင်တို့အပါအ၀င် ၇ ဦးကို ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုတပ်ပြီး ဒဂုံမြို့နယ်က တရားစွဲဆိုစစ်ဆေးနေတာပါ။ နှစ်ဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

သူတို့ကို ဒီလကုန်ပိုင်းမှာအမိန့် ချမှတ်မှာဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီနေ့ ရုံးချိန်းကတော့ အာမခံ ကျနော်တို့က လျှောက်တယ်။ အစိုးရဖက်ကတော့ ရိုးရိုးသာ မာန်ပဲကန့်ကွက်တယ်ပေါ့။ ကန့်ကွက်ပြီးတော့ ကျနော်တို့ ၂၇ ရက်နေ့မှာ အမိန့်ချဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။ ”

ဒီကနေ့ရုံးထုတ်မှာ ငြိမ်းစုစီပုဒ်မ ၁၈ (ငြိမ်းချမ်းစွာ စုဝေစီတန်းလှည့်လှည်ခွင့်ဥပဒေ) နဲ့ ထပ်မံအမှု ဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ် လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ် ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/77808

No comments:

Post a Comment