Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

ခရိုင်ထွေအုပ်ရုံးမှ အရာရှိကို သေနတ်ဖြင့် ပစ်သည့် တပ်မတော် အရာရှိအား ဖမ်းမိ


Saturday, January 24, 2015
ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးအရာရှိကို သေနတ် ဖြင့်ပစ်၍ ထွက်ပြေးသွားသော တပ်မတော်အရာရှိအား ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၂ ရက်က ကျောက်မဲမြို့တွင် ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ ကျောက်မဲမြို့အခြေစိုက် ခြေမြန် တပ်ရင်းအမှတ် (၅၁၄)မှ ဗိုလ် မြတ်သူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ် ဦးက ပြောသည်။
‘‘နောင်ချိုထဲမှာ သွားမိ တယ်။ သူ့အမျိုးအိမ်လား၊ မိတ် ဆွေအိမ်လား အဲဒီမှာ သွားမိတာ။ အခု တပ်ချင်းလွှဲပြောင်းနေတယ် ကြားတယ်’’ဟု ၎င်းကပြောသည်။
ဗိုလ်မြတ်သူက လင်းခေး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်းသို့ဝင်၍ ဦးစီးအရာရှိဦးဘိုဘိုသန်းရွှေကို သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးနေခြင်းဖြစ် သည်။ ဇန်နဝါရီ ၁၉ရက်ကအမှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် နောင်ချိုအခြေစိုက်တပ်မတော်တပ်ရင်းက ၎င်းကိုဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိခဲ့သူ ခရိုင်ဦးစီးအရာရှိမှာ သေနတ် ကျည်ကြောင့် ပါးပေါက် ထွက်သွားပြီး တောင်ကြီး စဝ်စံထွန်းဆေး ရုံတွင် ဆေးကုနေရကြောင်း သတင်းရရှိသည်။
ဗိုလ်မြတ်သူကို လင်းခေးမြို့ နယ်ရဲစခန်းတွင် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆၊ သေ လောက်အောင်ရည်ရွယ်၍ လုပ် ကြံမှု ပုဒ်မ ၃၀၇၊ တာဝန်ထမ်း ဆောင်နေစဉ် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် ထားသည်။
7Day Daily

No comments:

Post a Comment