Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ခုရွှေဈေးတွေတက်ပါတယ်


ခုရွှေဈေးတွေတက်ပါတယ်။ ဘာကြောင့်တက်လည်းလို့ လာမေးကြသူတွေများလို့ ကျွန်တော် ဒီနေရာကနေပဲ ဖြေပေးပါ့မယ်။
ခုရွှေဈေးတက်တာ အဓိက အားဖြင့် ၂ ချက်ရှိပါတယ်။
၁။ ဂရိ ရဲ့ မတည်ငြိမ်မှု နဲ့
၂။ ရေနံစိမ်း ဈေးနှုန်းတွေ ကျဆင်း (Crude Oil Price ကunder $50/barrel) နေလို့ပါ။

*နံပါတ် ၁ အချက်ကတော့ ရှင်းပါတယ်။ " Grexit " ဆိုတဲ့ ဝေါဟာရအသစ်ပေါ်ထွက်လာစေခဲ့တဲ့ လက်ရှိမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ Greece ရဲ့ Eurozone ကနေ Exit လုပ်မယ်ဆိုတဲ့ သတင်းတွေက စီးပွားရေးအကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ Eurozone နဲ့ ကျဆင်းနေတဲ့ ယူရိုငွေကြေးကို များစွာထိခိုက်စေနိုင်ပြီး Economic Crisis ကိုဦးတည်စေနိုင်လို့ " Grexit Concerns " က ရှေ့တန်းရောက်လာတာ ဖြစ်ပါတယ်။

*နံပါတ် ၂ က တော့ အစောပိုင်းကာလက ပေါ်ထွက်ခဲ့တဲ့ ခန့်မှန်းချက်တွေနားထိ ရောက်ရှိကျဆင်းလာတဲ့ Oil Price ပါ။ US ကလွဲလို့ ကျန်တဲ့ Global Economy ကြီးတစ်ခုလုံး ကျဆင်းနေတဲ့ ယခုအချိန်။ ကျဆင်းနေတဲ့ Oil Price တွေက US ရဲ့စီးပွားရေးတိုးတက်မှုနှုန်းကို ထပ်မံတွန်းတင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုကျတော့ ထပ်မံထိုးနှက်ခဲ့တာကြောင့်ပါ။ ဘာကြောင့်လည်းဆိုတော့ Crude Oil ကို အဓိကအားဖြင့် US Dollar နဲ့သာ အရောင်းအဝယ် ပြုလုပ်လို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း " Global Economy Concern " က ပြီးခဲ့တဲ့ 2014 နှစ်ကုန်ပိုင်း ထွက်ရှိခဲ့တဲ့ IMF သတင်းထုတ်ပြန်ချက် ရဲ့ Effect (Global Economy outlook & Concern) နောက်ပိုင်း ဇာတ်ခုံပေါ်ကိုပြန်လည်ရောက်ရှိလာလို့ဖြစ်ပါတယ်။

ဒါကြောင့် Safe-Heaven Asset ဖြစ်တဲ့ Gold Price တက်လာရခြင်းဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အကြောင်းရင်း တစ်ချက်ကလည်း လက်ရှိ Oil & Gas Stock တွေရဲ့ ကျဆင်းမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက Stock Share ဈေးကွက်တွေ ယနေ့မှာ ထပ်မံကျဆင်းခဲ့တာတွေကလည်း Gold Price ကို တက်ဖို့ တွန်းအားပေးခဲ့လို့ ဖြစ်ပါတယ်။

*** ဒါပေမယ့် World's Reserve Currency ဖြစ်တဲ့ US Dollar Index က 91 အပေါ်မှာပဲ မာနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောအနေအထားတွေအရ Gold ရဲ့ အမြင့်ဆုံးရောက်နိုင်ချေက $1255 မှာဖြစ်လို့ သတိထားပြီး အရောင်းအဝယ် လုပ်ကြဖို့ အသိပေးအပ်ပါတယ်။ ***

ကျေးဇူးတင်ပါတယ့့် 

No comments:

Post a Comment