Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ထီးလင်းမြို့နယ်အတွင်း ကားလမ်းအနီး တဲပြို၍ လူနှစ်ဦးသေဆုံး


ထီးလင်း၊ ဇန်နဝါရီ ၁၆

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျော်ထုကျေးရွာ အရှေ့ဘက် ကျင်း-ပေါက် သားကားလမ်း မိုင်တိုင် အမှတ်၆၉/၃နှင့် ၆၉/၄အကြားတွင် ဇန်နဝါရီ၁၄ ရက် နံနက် ၆ နာရီခွဲက လမ်းဘေးတဲပြိုပြီး လူနှစ်ဦး သေဆုံး နေကြောင်း သတင်းအရ ကျင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်အေးနှင့် အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အောင်နိုင်ထွန်း (၂၁)နှစ်၊ ပေခုနှစ်ပင်ကျေးရွာ ပေါက်မြို့နယ်နေသူနှင့် ၎င်း၏ ဇနီးဖြစ်သူမအေးအေး (၁၈)နှစ်တို့ဖြစ်ကြပြီး အောင်နိုင်ထွန်းတွင် ဦးခေါင်းရှေ့ချိုင့်ဝင်၊ ယာနားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ ယာပါးရိုးညိုမည်းဒဏ်ရာနှင့် မအေးအေးတွင် ၀ဲဘက်ဦးခေါင်း ပိပြားသွေးထွက် ဒဏ်ရာတို့ဖြင့်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်တင်အေးက တရားလိုပြုလုပ်တိုင်တန်း ခဲ့သဖြင့် ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေး ဆောင်ရွက် နေကြောင်းသိရသည်။

ကျော်ဇေယျ
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment