Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

ဘူးသီးတောင်မြို့နယ်အမတ်နှင့် ဂျော့ဆိုးရော့စ် ရခိုင်ပြည်နယ်အရေးဆွေးနွေး


Thursday, January 8, 2015
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးရွှေမောင်နှင့် အမေရိကန်အခြေစိုက် Open Society ဖောင် ဒေးရှင်းတည်ထောင်သူ မစ္စတာ ဂျော့ဆိုးရော့စ်တို့ ရန်ကုန်မြို့၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
ဇန်န၀ါရီလ ၆ ရက်က ဂျော့ ဆိုးရော့စ်နှင့် တွေ့ဆုံရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေ၊ ဒုက္ခသည်စခန်းများအခြေအနေ၊ ရခိုင်နှင့် ရိုဟင်ဂျာ (၎င်းတို့အသုံးအနှုန်း) လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးစသည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းဦးရွှေမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဦးရွှေမောင်သည် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်ဖြစ်ပြီး ရိုဟင်ဂျာလူ့အ ခွင့်အရေးလှုပ်ရှားမှု ဦးဆောင် ဆောင်ရွက်နေသူများအနက် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဦးရွှေမောင်သည် ၂၀၁၃ ခုနှစ်မတ်လ ၁၈ ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဒုတိယနေ့၌ ဘင်္ဂါလီလူမျိုးများကို ပြည်ထောင်စုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရေးအဆိုကို တင်သွင်းခဲ့ကြောင်း ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဥပဒေ ကြောင်းအရ မဟုတ်ဘဲ သမိုင်းကို လိမ်လည်၍ နိုင်ငံတကာအဖွဲ့အ စည်းများနှင့် ၀ါဒဖြန့်နေပါက ငြိမ်း ချမ်းစွာ ယှဉ်တွဲနေထိုင်ရေးခက်ခဲ လိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြု ထားသည်။
‘‘နိုင်ငံတကာအဖွဲ့တွေနဲ့က သူတို့တွေ့နေတာပဲ။ ဟိုက ငွေ ကြေးပေးတယ်။ ဂျော့ဆိုးရော့စ် တို့လုပ်ရပ်တွေကို ကျွန်တော်တို့သတိထား စောင့်ကြည့်နေပါတယ်။မဖြစ်နိုင်တဲ့ လိမ်လည်လုပ်ကြံထားတဲ့ ရည်မှန်းချက်ကို ဖျောက်ဖို့လိုနေပါပြီ။ ငြိမ်းချမ်းရေးကို လက်ခံပေမယ့်အိမ်ရှင်ကိုနှင်လိုတဲ့ သဘောနဲ့ကတော့ အတူယှဉ်တွဲနေဖို့ မဖြစ်နိုင်ဘူး ကိုရွှေမောင်တို့လည်း ဒီအတိုင်းဆက်သွားနေရင် ငြိမ်းချမ်းစွာယှဉ်တွဲနေနိုင်ဖို့ ခက်ပါလိမ့်မယ်’’ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
ဂျော့ဆိုးရော့စ်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ တရားမ၀င်ဝင်ရောက်နေထိုင်သူ မရှိကြောင်း သက်သေပြရှင်းလင်း ပြောကြားခဲ့သည်ဟုလည်း ဦးရွှေ မောင်၏လူမှုစာမျက်နှာတွင် ရေး သားထားသည်။
Open Society Institute NGO သည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် မီဒီယာ၊ ပညာရေး အဖွဲ့အစည်းများအား ထောက်ပံ့ကူညီနေသည့်အဖွဲ့ဖြစ်သည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်နှင့် ဂျော့ဆိုးရော့စ်တွေ့ဆုံနှုတ်ဆက်စဉ်
(ဓာတ်ပုံ- ရွှေမောင်ဖေ့စ်ဘွတ်ခ်)
7Day Daily

No comments:

Post a Comment