Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ရွေးကောက်ပွဲကော်မရှင်သို့ ဗိုလ်မှူးသုံးဆယ်နှင့် ဗိုလ်ကြီးငါးဦး ထပ်မံပြောင်းရွှေ့

ရွေးကောက်ပွဲကျင်းပ ရန် ဆယ်လသာလိုတော့သည့်အ ချိန်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ကော်မ ရှင်ခွဲအဆင့်ဆင့်တွင် လက် ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် တပ်မ တော်မှဗိုလ်မှူးအဆင့်ရှိ ၃၀ဦးနှင့် ဦးစီးအရာရှိအဖြစ်ဗိုလ်ကြီးအ ဆင့်ရှိ ငါးဦးတို့ကိုထပ်မံပြောင်း ရွှေ့ခန့်အပ်လိုက်ကြောင်းသတင်း ရရှိသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက လည်း တပ်မတော်မှအရာရှိဗိုလ် မှူးနှင့် ဗိုလ်ကြီးစုစုပေါင်း ၆၃ဦးကို ရွေးကောက်ပွဲကော်မရှင်က လက် ထောက်ညွှန်ကြားရေးမှူးနှင့်ညွှန် ကြားရေးမှူးများအဖြစ် ခန့်အပ်ခဲ့ ပြီးဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (စစ်ရာထူးခန့်ချုပ်ရုံး)၏ ၂၀၁၄ အောက်တိုဘာ ၂၂ရက်စွဲပါ အ ကြောင်းကြားစာအရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲ ပြောင်းတာဝန်ထမ်းဆောင်ခွင့် ပြု ခဲ့သော တပ်မတော်အရာရှိများဟု ၎င်းတို့ကို ခန့်အပ်စာတွင်ဖော်ပြ ထားသည်။
ထို့အပြင် တပ်မတော်အရာ ရှိများ လွှဲပြောင်းတာဝန်ထမ်း ဆောင်ခြင်းကို ပြည်ထောင်စုအစိုး ရအဖွဲ့၏(၁၈/၂၀၁၄)အစည်းအ ဝေးခွင့်ပြုချက်အရဖွဲ့စည်းခဲ့သည့် ကော်မရှင်ရုံးလက်အောက်ခံရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအ ဆင့်ဆင့်တွင်လက်ထောက်ညွှန် ကြားရေးမှူးများအဖြစ် ခန့်အပ် လိုက်ကြောင်သတင်းရရှိသည်။
ပြီးခဲ့သည့်နှစ်က တပ်မတော် အရာရှိ ၆၃ဦးအား ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်တွင် ရာထူးများခန့် အပ်လိုက်သည့်အတွက် ဝေဖန်မှု များထွက်ပေါ်ခဲ့သည်။ သို့သော် ကော်မရှင်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် ၀န်ကြီးဌာနများ ထံမှ ၀န်ထမ်းများတောင်းသော် လည်း ပြောင်းရွှေ့ထမ်းဆောင်လို သူမရှိသည့်အတွက် တပ်မတော် အရာရှိများ ခန့်အပ်ခဲ့ရကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။
‘‘ကျွန်တော်တို့ကတော့ ကော်မရှင်မှာ အရပ်သားပဲခန့်စေ ချင်တယ်။ တပ်မတော်သားဆို တာက တပ်ရဲ့ဓလေ့ထုံးစံတွေပါ လာမယ်။ သူတို့ သစ္စာခံတာက လည်း တပ်မတော်နဲ့ ကာကွယ် ရေးဦးစီးချုပ်ပဲဖြစ်တယ်။ ရွေး ကောက်ပွဲကော်မရှင်လိုနေရာမျိုး က ပိုအရေးကြီးတယ်။ အရပ်ဘက် ၀န်ကြီးဌာနက ၀န်ထမ်းတွေကို ခေါ်လို့မရဘူးဆိုရင်လည်းတစ် ဆင့်မြင့်ရာထူးနဲ့ခေါ်မယ်ဆိုရင် ဥပမာမူလ၀န်ကြီးဌာနမှာလက် ထောက်ညွှန်ကြားရေးမှူးဆိုရင် ကော်မရှင်က ညွှန်ကြားရေးမှူးရာ ထူးနဲ့ခေါ်တာမျိုးပေါ့။ ဒါဆို ၀န် ထမ်းအများစုက လက်ခံမှာပဲ’’ဟု မြန်မာနိုင်ငံရေးလေ့လာသူ ဦး ကျော်လင်းဦးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သို့ဆက် သွယ်သော်လည်း ဖြေကြားရန်မရှိ ကြောင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှာ လက်ရှိအာဏာရပါတီ ၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ် သည့် ယခင်စစ်ဗိုလ်ချုပ်ကြီး ဟောင်းဦးတင်အေးဖြစ်ပြီး ကော် မရှင်က ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေမည်ဟု ကတိပေးထားသည်။ သို့သော် လက်ရှိအချိန်ထိရွေးကောက်ပွဲ၏ အခြေခံအကျဆုံးအစိတ်အပိုင်း ဖြစ်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း ကိစ္စတွင် လက်တွေ့ဆောင်ရွက်မှုကို သိသာမြင်သာမတွေ့ရခြင်းမှာ စိတ်ပူစရာကောင်းကြောင်း သတင်းစာဆရာဦးစည်သူအောင် မြင့်ကပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ပေါင်း ၃၃၀ကျော်၍ မြို့နယ် တစ်ခုတွင် အနည်းဆုံးမဲဆန္ဒနယ် နှစ်ခုနှင့် တွက်ပါက မဲရုံပေါင်း ထောင်ချီရှိနိုင်ပြီးမဲရုံအားလုံးကို နိုင်ငံတကာနှင့် ပြင်ပလေ့လာရေး အဖွဲများ၊ ရွေးကောက်ပွဲစောင့် ကြည့်ရေးကွန်ရက်များအားလုံး က စောင့်ကြည့်ရန်မှာမူ ခက်ခဲ မည်ဖြစ်ကြောင်း သတင်းစာဆရာ တစ်ဦးက သုံးသပ်ပြောကြား သည်။
7Day Daily

No comments:

Post a Comment