Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

မြန်မာငါးဖမ်းစက်လှေနှစ်စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာရေတပ်မှဖမ်းဆီ



ကော့စ်ဘဇား၊ ဇန်န၀ါရီ ၂၂

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းသည့် မြန်မာဘက်မှ ငါးဖမ်းစက်လှေ ၂ စီးကို လူ ၁၅ ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ဖမ်းဆီး လိုက်ကြောင်း သိရသည်။

မြန်မာ ငါးဖမ်းစက်လှေ နှစ်စီးကို ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေပိုင်းက နစ်မြစ်ဝရှိ စိန့်မာတင်ခေါ် အုန်းကျွန်းအနီး ၀င်ရောက်ငါးဖမ်းနေစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကားပြီး ကော့စ်ဘာဇားသတင်း တပုဒ်တွင်ဖော်ပြသည်။

ဖမ်းမိသည့် စက်လှေနှစ်စီးတွင် ရေလုပ်သား ၁၅ ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး စိန့်မာတင်အခြေစိုက် ဘင်္ဂလာရေတပ်မှ အရာရှိတစ်ဦးက အတည်ပြုပြော ဆိုပြောဆိုသည်။  ဖမ်းဆီးရမိသည့် စက်လှေနှင့်ရေလုပ်သားများကို တက်ကနက် ဆိပ်ကမ်းသို့ ယူဆောင်လာပြီး တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မောင်အေး
နိရဉ္စရာသတင်းဌာန
http://www.narinjara.com/burmese/?p=13419

No comments:

Post a Comment