Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

ထိုင်းတွင် မြန်မာလုပ်သားသုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ (၁၃)နှစ်အရွယ် ကလေးတစ်ဦး ပါဝင်

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ထုသောင်မြို့ တွင် ရော်ဘာခြံလုပ်ငန်းလုပ်ကိုင် နေသော အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မြန်မာလုပ်သားသုံးဦး သေနတ် ဖြင့် ပစ်သတ်ခံရကြောင်း သတင်း ရရှိသည်။
ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီခန့်က ရော်ဘာအစေးခြစ်နေသော အသက် (၁၃)နှစ်အရွယ်ကလေး ငယ်တစ်ဦးအပါအဝင် မွန်တိုင်း ရင်းသားသုံးဦး သေနတ်ဖြင့်ပစ် သတ်ခံရခြင်းဖြစ်သည်။
‘‘ရော်ဘာခြစ်နေတုန်းမှာ သေနတ်နဲ့ ပစ်ခံရတာ။ သူတို့ အလောင်းတွေကို အခုဆူရတ် ဌာနီဆေးရုံကိုသယ်လာပြီ။ ရဲစစ် ချက်တွေလုပ်နေတယ်။ ရဲစစ် ချက်တွေပြီးရင်တော့ ကျွန်တော် တို့က အလောင်းကိုယူဖို့တောင်း ဆိုထားတယ်’’ဟု ဆူရတ်ဌာနီမြို့ တွင် နေထိုင်သော ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။ ယင်းဖြစ်စဉ်ကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးထံတင်ပြထားပြီး ၎င်း၏ ညွှန်ကြားမှုကို စောင့်ဆိုင်းနေကြောင်း ဦးအောင်မျိုးသန့်က ဆက်လက်ပြောသည်။
အသတ်ခံရသူ မြန်မာလုပ် သားသုံးဦးသည် မွန်ပြည်နယ်စက် စဲမှဖြစ်ကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment