Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

မာလီနိုင်ငံတွင် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇၆ ဦးရှိပြီး လူ နှစ်သိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ



ဘာမာကို ၊ ၁၈-၁-၂၀၁၅

မာလီနိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဦးရေ ၁၇၆ ဦး သေဆုံးပြီး ဦးရေ ၂ဝဝဝဝဝ ခန့်ကို ဘေးကင်း ရာသို့ ရွှေ့ပြောင်းခဲ့ ရကြောင်း သိရသည်။

နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှု များကြောင့် နေအိမ်များ နှင့် စာသင်ကျောင်း များမှာ ရေနစ်မြုပ် ခဲ့ရပြီး လမ်းများ မှာလည်း ယခုအခါ ရေနစ်မြုပ်ခဲ့ ရကြောင်း ယင်း နိုင်ငံ၏ ဒုတိယ သမ္မတ က ပြောကြား ခဲ့သည်။

မာလီနိုင်ငံ အတွင်းရှိ ရေကြီးမှုဒဏ်ကို အဆိုးရွား ဆုံးခံရသည့် ဒေသမှာ နိုင်ငံတောင်ပိုင်း ရှိ ဒေသများ ဖြစ်ပြီး ၄င်းဒေသ၌ ရေကြီးမှု အခြေအနေမှာ အလွန် ဆိုးရွားလျက် ရှိကြောင်း ဒုတိယ သမ္မတ ဆူလို့စ်ချီလီမာ က ပြောကြား
ခဲ့သည်။

ယခုအခါ အာဏာပိုင် များက ရေကြီးမှုကြောင့် ကျေးရွာများ အတွင်း ပိတ်မိနေသည့် ဒေသခံ ပြည်သူ ရာပေါင်း များစွာကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးမှာ ရေဘေး ဒဏ်သင့် နေချိန်အတွင်း အောင်မြင်စွာ မီးဖွား နိုင်ခဲ့ကြောင်း၊ ယခုအခါ မိခင်နှင့် ကလေးငယ်ပါ ကျန်းမာလျက် ရှိကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

နိုင်ငံအတွင်း၌ ရေဘေးဒဏ်သင့် ပြည်သူများ နေထိုင်နိုင်ရန် ခိုလှုံရေး စခန်းများကို ဖွင့်လှစ်ထားပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေရသူများ အနေဖြင့် ရေမှ တစ်ဆင့် ကူးစက် ရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိကြောင်း သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_68.html

No comments:

Post a Comment