Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

မီးရထားနှင့် ကုန်တင်ယာဉ်တို့ တိုက်မိသဖြင့် ယာဉ်မောင်းအား အရေးယူ


ရန်ကုန၊ ဇန်န၀ါရီ ၁၃

၁၂.၁.၂၀၁၅ ရက်နေ့ ၁၅၀၅ အချိန် ကျောက်တန်းမြို့နယ် ၊ သီလ၀ါဘူတာနှင့် အုတ်ဖိုစုဘူတာ အကြားတွင် မီးရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်ပွား ခဲ့ပါသည်။

ဖြစ်စဉ်မှာ အင်ကြင်း-၃ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ သီလ၀ါ ဘူတာသို့ မောင်းနှင်လာစဉ် မိုင်တိုင် ၂၂/၁၅-၁၆ အကြား၊ MITT ကုန်တင်ယာဉ် ဂိတ်ရှေ့အရောက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ကိုဝင်းကိုကိုလတ် (၃၂)နှစ်မောင်းနှင်လာသော 1C ----ဟွန်ဒိုင်း(၂၂)ဘီး ကုန်တင်နောက်တွဲပါ
ယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့တိုက်မိမှုကြောင့် မီးရထားစက်ခေါင်း ဘယ်ဘက်ဘေးတန်း(၃)တန်းနှင့် မော်တော်ယာဉ် ခေါင်းခန်းတို့ ပျက်စီးသွားခဲ့ ပါသည်။

ယင်းသို့ တိုက်မိမှု ဖြစ်ပွား ခဲ့သည့်အတွက် ယာဉ်မောင်း ကိုဝင်းကိုကိုလတ်အား အရေးယူ ပေးပါရန် တိုင်တန်းချက်အရ သီလ၀ါနယ်မြေရဲစခန်း (ပ)၅/၂၀၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment