Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

၂၀၁၅ တွင်လည်း ရွှေဈေး ကျပ်ခုနစ်သိန်းအောက်သာရှိမည်ဟုဆို

ရွှေဆိုင်တွင် ခင်းကျင်းထားသည့် ရွှေထည်ပစ္စည်းများ (ဓာတ်ပုံ − နစ်ကီ)
 ၂၀၁၅ ခုနှစ်အစောပိုင်းလများတွင် ပြည်တွင်းရွှေဈေး သည် ဈေးအနိမ့်ဖြစ်သော တစ်ကျပ်သား ကျပ်ခုနစ်သိန်းအောက်တွင်သာ ဆက်လက်ရှိနေဦးမည်ဟု ရွှေလုပ်ငန်းရှင်များက ခန့်မှန်းပြောသည်။
ပြည်တွင်းရွှေဈေးသည် ၂၀၁၄ နှစ်အစောပိုင်းတွင်သာ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းကျော်ရှိခဲ့သော်လည်း နှစ်လယ်မှ နှစ်ကုန်အထိ ကျပ်ခုနစ်သိန်းအောက်တွင်သာ ရှိနေခဲ့သည်။
၂၀၁၄ နှစ်ကုန်တွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သား  ၆၇၀,၀၀၀ ကျပ်နှင့် ၆၃၀,၀၀၀ ကျပ်ဝန်းကျင်တွင် အတက်အကျ ဖြစ်ပေါ်နေခဲ့ပြီး ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၁,၁၇၀ ဒေါ်လာနှင့် ၁,၂၀၀ ဒေါ်လာကြားတွင် ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေ သည်။
ရွှေဈေးကွက်သည် အနိမ့်ပိုင်းရှိနေ၍ ငွေကြေးစုဆောင်းသူများ၊ ရင်းနှီးမြှုပ်နှံသူများနည်းလာပြီး တက်ဈေးမှန်းက ၂၀၁၃ နှစ်ကုန်ပိုင်းနှင့် နှစ်ဆန်းပိုင်း ဝယ်ယူထားသူများ အရှုံးဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။
http://7daydaily.com/story/28323#.VKXX1Hs9THQ

No comments:

Post a Comment