Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

မွေးနေ့ပါတီမှာ ထိုးကြိတ်ခံရ၍ ဦးခေါင်းဒဏ်ရာဖြင့် မြန်မာလူငယ်သေဆုံး

အမျိုးသမီးမိတ်ဆွေတဦး၏ မွေးနေ့ပါတီတွင် မျက်နှာကို လက်သီးနှင့် အထိုးခံရ၍ ဦးခေါင်းဒဏ်ရာ ရရှိပြီး သတိလစ်မေ့မျောသွားသော မြန်မာလူငယ်သည် လတ်စ်ဗီးဂတ်စ်မြို့ရှိ ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ပါသည်။အသက် ၂၅ နှစ်ရှိ ကိုရာပြည့် ခေါ် William Parke သည် လတ်စ်ဗေးဂတ်စ်မြို့၊ ဗနီရှန်ဟိုတယ်ရှိ အခန်းတခုတွင်

Shဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့က ပြုလုပ်သော မွေးနေ့ပါတီပွဲတွင် အခြားဧည့်သည်နှစ်ဦးက ထိုးကြိတ်သဖြင့် ကျောက်ပြားခင်းကြမ်းပေါ်သို့ လဲကျသောကြောင့် ဦးခေါင်းဒဏ်ရာရရှိခဲ့သည်။ ထိုဒဏ်ရာဖြင့် သတိလစ်မေ့မျောနေကာ ဆန်းရိုက်စ်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ၃၀ ရက်နေ့၊ နံနက် ၁၁း၁၅ နာရီအချိန်တွင် အနိစ္စရောက်ခဲ့ရ၏။
မွေးနေ့ပွဲရှိသောနေ့က ကိုရာပြည့်သည် နေအိမ်တွင် ရှိနေသော်လည်း မွေးနေ့ရှင် အမျိုးသမီးမိတ်ဆွေက ဖုန်းဆက်၍လည်းကောင်း၊ တက်စ်မက်ဆေ့ခ်ျ ပို့၍လည်းကောင်း မရမက ခေါ်နေသောကြောင့် ည ၁၁း၃၅ နာရီခန့်တွင်မှ သွားရောက်ခဲ့သည်ဟု သိရသည်။ မွေးနေ့ရှင် ဖိလိပိုင်အမျိုးသမီးသည် ကိုရာပြည့်၏ ယခင်က ချစ်သူဟောင်း ဖြစ်ခဲ့၍ ယခုအချိန်တွင် ရိုးရိုးမိတ်ဆွေအဖြစ်သာ အခင်အမင်မပျက် ဆက်ဆံနေသည်ဟု ဆိုသည်။
စနေနေ့ညက ကျင်းပသော မွေးနေ့ပါတီပွဲသည် တနင်္ဂနွေ နံနက် ၃ နာရီခန့်တွင် ပြီးဆုံးကာ ကိုရာပြည့်က မွေးနေ့လက်ဆောင် ပစ္စည်းများကို မွေးနေ့ရှင်နှင့်အတူ ကူညီသယ်ယူပေးနေသည်ဟု သိရ၏။ ထိုအချိန်တွင် အခြားဧည့်သည်နှစ်ဦးက ဆူညံနေသဖြင့် ကိုရာပြည့်က တောင်းပန်ရာ ၎င်းမူးယစ်နေသူ တဦးက ပြေးလာကာ ကိုရာပြည့်ကို ထိုးကြိတ်သည်။
အရက်သေစာ သောက်စားခြင်းမရှိသော ကိုရာပြည့်က ရန်တုန့်ပြန်ခြင်း မရှိသော်လည်း ၎င်း၏ ထိုးကြိတ်မှုကြောင့် ကျောက်ပြားခင်း ကြမ်းပြင်ပေါ်သို့ လဲကျကာ ဦးခေါင်းဒဏ်ရာဖြင့် သတိလစ် မေ့မျောသွားခဲ့ရာမှ ကွယ်လွန်သည်အထိ သတိပြန်မလည်တော့ပါ။ ထိုးကြိတ်သူမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
လှေလှော်ရင်းတက်ကျိုးခဲ့ရသူ
ကိုရာပြည့်သည် ဆရာဝန်တဦး ဖြစ်လာရန် ရည်မှန်းချက်ဖြင့် နီဗားဒါးတက္ကသိုလ် လတ်စ်ဗေးဂတ်နယ်မြေတွင် ဇီဝဗေဒ နောက်ဆုံးနှစ် တက်ရောက်နေသော ကျောင်းသား ဖြစ်သည်။ ကျောင်းတက်ရင်းပင် Realty One အိမ်မြေရောင်းငှား ကုမ္ပဏီ ပွဲစားတဦးအဖြစ် အောင်မြင်စွာ လုပ်ကိုင်နေပါသည်။ ထို့ပြင်၊ မိသားစုကို ကူညီရန် ဆန်နီဆူရှီးတွင် အချိန်ပိုင်းလည်း လုပ်ကိုင်နေသူ ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်တဦး ဖြစ်သူ ကိုနေသန်က ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။
ကိုရာပြည့်သည် မြန်မာနိုင်ငံတွင် ဒဂုံ အ.ထ.က. (၁) နှင့် ILBC ကျောင်းသားဟောင်း ဖြစ်ခဲ့သည်။ ဖခင် ဦးလှကြည်သည် သာသနာ့ဘောင်တွင် ဦးဝဇီရဉာဏ ဘွဲ့ဖြင့် ရဟန်းဘဝ ခံယူထားပြီး၊ ကိုရာပြည့်သည် မိခင် ဒေါ်စိုးစိုးအေး ခေါ် ဂရေ့စ်အေးနှင့် အတူနေထိုင်ပါသည်။
ဘာသာရေးရိုသေကိုင်းရှိုင်းပြီး ရိုးသားစွာ ကြိုးစားသော ကိုရာပြည့်ကို မြန်မာအသိုင်းအဝိုင်းတွင် လူချစ်လူခင် များသည်။ ကိုရာပြည့်သည် ရွှေတံဆိပ်ဆုရှင် မြန်မာအကမင်းသားလည်း ဖြစ်ပါသည်။ (သတင်းအဆုံးတွင် ဗီဒီယိုကြည့်နိုင်ပါသည်။)
ကိုရာပြည့်နှင့် ပတ်သက်၍ လုပ်ဖော်ကိုင်ဖက် ကိုနေသန်က ယခုလို ပြောပြပါသည်။ “သူက အင်မတန် အေးပါတယ်၊ ယဉ်လည်း ယဉ်ကျေးတယ်၊ ကူညီတတ်တယ်၊ စေတနာကောင်းလို့ အားလုံးက ချစ်ကြတယ်၊ ဒီလို အဖြစ်အပျက်နဲ့ ဆုံးသွားတာ ကျွန်တော်တို့ ခုထိ ယုံကြည်လက်ခံပေးလို့ မရသေးဘူး၊ သူ့ကို သတ်သွားတဲ့ တရားခံ အမြန်ဆုံးဖော်ထုတ်ပြီး justice ရပါစေလို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရည်မှန်းချက်အပြည့်ဖြင့် ကြိုးစားအားထုတ်နေဆဲ အသက် ၂၅ နှစ်အရွယ်တွင် မမျှော်လင့်ဘဲ ကွယ်လွန်အနိစ္စရောက်ခဲ့သော ကိုရာပြည့်အတွက် ရည်စူးလျက် ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖခင် ဦးဝဇီရဉာဏ သီတင်းသုံးတော်မူသော Chaiya Meditation Monastery ကျောင်းတွင် မိခင် ဒေါ်စိုးစိုးအေးက သက်ပျောက် ဆွမ်းသွတ်ခဲ့သည်။
ဈာပနအခမ်းအနားအတွက် ထပ်မံကြေညာမည်ဖြစ်၍ နာရေးကြော်ငြာ ရယူရန် ကလစ်ခ်လုပ်ပါ။
ကိုရာပြည့်၏ ဈာပနအတွက် ကူငွေထည့်ဝင်လှူဒါန်းရန် မိသားစုမိတ်ဆွေတဦးက စီစဉ်ထားသော ဝက်ဘ်ဆိုက်မှာ သွားရောက်၍ သဒ္ဒါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါသည်။ အလှူထည့်ဝင်ရန် ဝက်ဘ်ဆိုက်
မြန်မာ့ရိုးရာအကတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သော ကိုရာပြည့်၏ ခုနစ်ထွေအကဗီဒီယိုကိုလည်း ကြည့်ရှုနိုင်ပါသည်။
 http://kabarthit.com/index.php?option=com_content&view=article&id=562:2015-01-01-00-43-38&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment