Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

Antioxidants သို့မဟုတ် ဓါတ်တိုးကာကွယ်ပစ္စည်း

ပန်းသီးတစ်လုံးကို ဓါးနဲ့ခွဲပြီး ချထားလိုက်မယ်ဆိုရင် မကြာမီမှာပဲ ပန်းသီးရဲ့ခွဲခြမ်းထားတဲ့ မျက်နှာပြင် မည်းလာတာကို တွေ့ရပါလိမ့်မယ်။ ဒါက သဘာဝက ဖန်တီးထားတဲ့ ပျက်စီးယိုယွင်းခြင်းဖြစ်ပါတယ်။ အဲဒါကို ဓါတ်တိုးခြင်းလို့ခေါ်ပါတယ်။ ဒါက သဘာဝတရားက ဖန်တီးထားတာပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က ဆဲလ်တွေမှာလည်း အလားတူပဲ ဖြစ်ပါတယ်။
အဲဒီလို ဓါတ်တိုးမူများကနေ ကာကွယ်ဖို့အတွက် သဘာဝတရားကနေ ဓါတ်တိုးကာကွယ်ပစ္စည်းတွေ အများကြီး ပေးထားပါတယ်။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အနှံပင်များ၊ အခွံမာသီးများ စသဖြင့် သဘာဝ ပစ္စည်းတွေမှာ ဓါတ်တိုးကာကွယ်ပစ္စည်းတွေ ပါဝင်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ် ပျက်စီးယိုယွင်းမှုကို ကာကွယ်ဖို့အတွက်ဆိုရင် ဓါတ်တိုးပစ္စည်းက အရမ်းကို အဓိကကျပါတယ်။
Antioxidants တွေက ဓါတ်တိုးခြင်းကို ဘယ်လိုကာကွယ်ပေးတာလဲ။
ဓါတ်တိုးခြင်းဆိုတာ ပန်းသီးရဲ့ခွဲခြမ်းထားတဲ့ မျက်နှာပြင်ပေါ်မှာ ဖြစ်သလိုပဲ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေမှာလည်း ဖြစ်ပါတယ်။ အဆုတ်ကိုကာရံထားတဲ့ ဆဲလ်တွေမှာလည်း ဓါတ်တိုးခြင်း ဖြစ်ပေါ်ပါတယ်။ ဓါတ်တိုးခြင်း ဖြစ်ပေါ်တိုင်း ဆဲလ်တွေမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်ပါတယ်။ သစ်သီးတွေ ပုပ်သွားသလိုပဲ ဆဲလ်တွေလည်း သေပါတယ်။
အရေပြားကို ဓါးရှတဲ့အခါ ပျက်စီးသေဆုံးသွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေ အစားထိုးဝင်ရောက်ပါတယ်။ အဲဒါကို Healing အနာကျက်ခြင်းလို့ခေါ်ပါတယ်။ အလားတူပါပဲ ခန္ဓာကိုယ်ထဲမှာလည်း ၂၄ နာရီပတ်လုံး ဆဲလ်အဟောင်းတွေ သေဆုံးခြင်းနဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်ခြင်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကြောင့် ခန္ဓာကိုယ်က ကျန်းမာနေတာပါ။ ဒါကြောင့် ဓါတ်တိုးခြင်းဆိုတာလည်း ပုံမှန် အခြေအနေမှာလည်း ဖြစ်နေတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီလို ဆဲလ်ဟောင်းတွေ သေဆုံးပြီး ဆဲလ်သစ်တွေဖြစ်ပေါ်ရာမှာ အချို့သော ဆဲလ်အနည်းငယ်က ပျက်စီးပြီး Free Radicals တွေ ဖြစ်ပေါ်လာပါတယ်။
Free Radicals တွေကတော့ တကယ့်ကို ပြဿနာဖြစ်စေတဲ့အရာတွေပါပဲ။ သူတို့ကို လွတ်လပ်တယ်လို့ခေါ်ရတာက သူတို့က မပြည့်စုံပဲ မော်လီကျူးတစ်ခု လွတ်နေလို့ပါ။ ဒါကြောင့် သူတို့က နီးစပ်ရာကနေ မော်လီကျူးကို လုယူပါတယ်။ ဒီလိုပဲ လုယူခံလိုက်ရလို့ လွတ်သွားတဲ့ မော်လီကျူးနေရာကို အခြားက နေ ထပ်လုပါတယ်။
Free Radicals ရဲ့ အန္တရာယ်
Free Radicals တွေက သူများဆီကနေ မော်လီကျူးကို လုယူခြင်းက ဆဲလ်တွေကို သေဆုံးစေပါတယ်။ ဒါပေမယ့် ဒီထက်ကြောက်ဖို့ကောင်းတဲ့အရာရှိပါသေးတယ်။ သူတို့က မော်လီကျူးကိုလုယူခြင်းကြောင့် တချို့ဆဲလ်တွေက မသေပဲ DNA ပဲ ပျက်စီးသွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်သွားပြီ ဆိုရင်တော့ အဲဒီဆဲလ်က ပုံမှန်ဆဲလ်မဟုတ်တော့ပါဘူး။ Mutant ဖြစ်သွားပါတယ်။ အဲဒီဆဲလ်ရဲ့ လုပ်ငန်းစဉ်တွေက ပုံမှန်မဟုတ်တော့ပဲ ပုံမမှန်ကြီးထားခြင်း၊ ပွားများခြင်းတွေဖြစ်ပြီး ကင်ဆာရောဂါတွေ ဖြစ်စေပါတယ်။
ပုံမှန် ဆဲလ်ပျက်စီးမှုတွေကတွေ ထွက်ပေါ်လာတဲ့ Free Radicals ပမာဏက မများပါဘူး။ မော်တော်ကားအင်ဂျင်ကနေ မီးခိုးထွက်သလောက်ပါပဲ။ အဲဒီလောက် ပမာဏကို ခန္ဓာကိုယ်ကထုတ်တဲ့ Antioxidants တွေနဲ့ ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် ပြင်ပပရောကကြောင့် ထွက်လာတဲ့ Free Radicals တွေ အများကြီးရှိပါတယ်။ ဥပမာ - ဆေးလိပ်သောက်ခြင်းက Free Radicals တွေကို အများအပြားထွက်စေပါတယ်။ အစားအသောက်များကနေလည်း ပိုးသတ်ဆေးတွေ ကယ်မီကယ်တွေပါရင် Free Radicals တွေ ထွက်ပါတယ်။ အရက်အများကြီးသောက်ရင်လည်း Free Radicals ထွက်ပေါ်ခြင်းကို အရမ်းအားပေးပါတယ်။
Free Radicals ကို အန္တရာယ်များတယ်လို့ယူဆတာက သူတို့က မော်လီကျူးတစ်ခုထဲကိုပဲ ပျက်စီးစေတာမဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ မော်လီကျူးများစွာကို ဆက်တိုက် ပျက်စီးစေပါတယ်။ ဥပမာ Free Radicals က Fatty Acid ကို ဓါတ်တိုးလိုက်တယ်ဆိုရင် ဓါတ်တိုးခံရတဲ့ Fatty Acid က Free Radical ဖြစ်သွားပြီး အခြား Fatty Acid ကို ဓါတ်တိုးပါတယ်။ အဲဒီလိုနဲ့ပဲ ဆက်တိုက်ဖြစ်သွားပါတယ်။
ပြင်ပပရောဂများကြောင့်ထွက်ပေါ်လာတဲ့ Free Radicals ပမာဏကိုတော့ ခန္ဓာကိုယ်က သာမာန်ရှိနေတဲ့ Antioxidants ပမာဏနဲ့ တိုက်ဖျက်ဖို့ မလုံလောက်တော့ပါဘူး။ အဲဒီလိုအခြေအနေမှာတော့ ရောဂါတွေ ဖြစ်ပွားလာပါတော့တယ်။ ဥပမာ ကင်ဆာရောဂါ၊ နှလုံးရောဂါ။ ဒါကြောင့် Free Radicals တွေကို တိုက်ဖျက်ဖို့အတွက် ပြင်ပအကူအညီယူရပါတယ်။
သင့်အစားအသောက်ထဲတွင် Antioxidants ပါဝင်အောင်စားသုံးခြင်း
၂၁ ရာစုမှာတော့ လူသားတိုင်းဟာ Antioxidants ကို ပိုမိုလိုအပ်လာပါပြီ။ မြို့နေလူထုတွေက မသန့်ရှင်းသော လေထုများကို ရှုရှိုက်နေရခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဆေးလိပ်ငွေ့များ ရှုနေရခြင်း စသည့်အချက်များကြောင့် ခန္ဓာကိုယ်က လိုအပ်သည်ထက် ပိုမိုပြီး ဖိအားပေးမှု ခံစားရပါတယ်။ ဒါကြောင့် Free Radicals တွေလည်း အထွက်များပြီး Antioxidants ကို ပိုမိုလိုအပ်ပါတယ်။ ရှေးခေတ်လူသားတွေနှင့် မိမိကိုယ်ကို တန်းတူလို့ ယူဆလို့မရပါဘူး။ Antioxidants ကို လုံလောက်စွာရရှိဖို့အတွက် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ အစုံစားပေးဖို့ လိုအပ်ပါတယ်။
Antioxidants က Free Radicals ကို တားဆီးပေးခြင်းဖြင့် ရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။ Antioxidants တစ်မျိုးစီက ပျက်စီးမှုတစ်မျိုးစီကို တားဆီးပေးပါတယ်။
Antioxidants အမျိုးအစားများ
ဥပမာ- ဗီတာမင်စီက Free Radicals တွေ စတင်ဖျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ဗီတာမင် အီးကတော့ Free Radicals တွေ ဖျက်စီးနေတာကို ရပ်သွားအောင် ဆောင်ရွက်ပေးပါတယ်။
Flavonoids ကတော့ အုပ်စုကြီးမားတဲ့ Antioxidants ပါ။ ရှာဖွေတွေ့ရှိမှုအရ အစားအသောက်မျိုးစုံမှာ ပါဝင်တဲ့ Flavonoids အမျိုးအစား ၅ ထောင်ကျော်ရှိပါတယ်။
Polyphenols ကတော့ အုပ်စုသေးပါတယ်။ သူတို့ကို Phenols လို့လည်းခေါ်ပါတယ်။
စစ်တပ်တစ်တပ်မှာ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ တပ်ကြပ်၊ တပ်သား စသဖြင့် စစ်သားအမျိုးမျိုးပါဝင်သလိုပါပဲ ခန္ဓာကိုယ်ကို ကာကွယ်ရာမှာလည်း Antioxidants တွေက အမျိုးအစားအမျိုးမျိုးက တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြပါတယ်။
မှန်ကန်သော Antioxidants များရယူခြင်း
ခန္ဓာကိုယ်က မျိုးစုံသော ဗီတာမင်၊ သတ္တုဓါတ်များလိုအပ်ပါတယ်။ ဥပမာ ဗီတာမင် အေ၊ စီ၊ အီး နှင့် ဘီတာ ကယ်ရိုတင်း တွေရရှိမှ Free Radicals တွေကို တိုက်ဖျက်နိုင်မှာပါ။ အစားအသောက်ထဲကနေ စုံလင်စွာရဖို့အတွက်ဆိုရင် အမျိုးစုံလင်သော အစားအသောက်တွေကို စားသောက်နိုင်မှ ဖြစ်ပါမယ်။ သစ်သီးတစ်မျိုး၊ ဟင်းသီးဟင်းရွက်တစ်မျိုးနှစ်မျိုးစားသုံးရုံနဲ့ မလုံလောက်နိုင်ပါဘူး။ စုံလင်အောင် စားသောက်ဖို့အရေးကြီးပါတယ်။ အရည်အသွေးမြင့် ဗီတာမင်များကို သောက်သုံးပေးခြင်းကလည်း Antioxidants အင်အားကို တောင့်တင်းစေပါတယ်။
Photo : www.bing.com
Presented By
‪#‎Facia‬ (Collagen with Antioxidants)

No comments:

Post a Comment