Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

"An apple a day,keeps the doctor away”


"An apple a day,keeps the doctor away” ကို ဘာသာပြန်ခိုင်းတော့ အသက် ၄ဝအရွယ်လူက "ပန်းသီးတစ်နေ့တစ်လုံးစားရင် ရောဂါဘယကင်းတယ်"၊
အသက် ၃ဝအရွယ်လူက "တစ်နေ့လုံး iPhone ကစားရင် Ph.D ဒေါက်တာဘွဲ့နဲ့ဝေးမယ်"၊
အသက် ၂ဝအရွယ်လူက "တစ်နေ့ကို "ပန်းသီးလေး"သီချင်း တစ်ခေါက်နားထောင်ရင် ဆရာဝန်လာကုစရာမလိုဘူး" လို့ ဘာသာပြန်ကြသတဲ့။
------
တရုတ်ပြည်မှာ အဲဒီ Little Apple (ပန်းသီးလေး)ဆိုတဲ့သီချင်းက ဘယ်လောက်ထိတောင် ဟော့သွားသလဲဆို ဗားရှင်းအမျိုးမျိုး၊ ကော်ပီအမျိုးမျိုးနဲ့ ပြန်ဆိုကြတဲ့အထိပါပဲ.. ဟိုးအရင် ဂါးနားစတိုင်လ်သီချင်းလိုပေါ့။
ပြောစမှတ်တောင်ရှိသေးတယ်.. နာမည်ကြီးတဲ့ ပန်းသီးလေးလုံးရှိတယ်တဲ့။
တစ်လုံးက ဧဝကို မြူဆွယ်ခဲ့တဲ့ပန်းသီး
နောက်တစ်လုံးက နယူတန်ကို ပစ်ပေါက်နှိုးခဲ့တဲ့ပန်းသီး
နောက်တစ်လုံးက Steve Jobs လက်ထဲဆုပ်ကိုင်ထားတဲ့ပန်းသီး
နောက်တစ်လုံးက တရုတ်ပြည်သူတွေကို ခုန်လှုပ်စေခဲ့တဲ့ပန်းသီး... တဲ့။
ဒါက Little Appleသီချင်းကိုသီဆိုခဲ့တဲ့ မူရင်းအဆိုတော်ရဲ့မူရင်းသီချင်းhttps://www.youtube.com/watch?v=SKaJ1-elnao
ဒါက ကိုးရီးယားဗားရှင်း https://www.youtube.com/watch?v=EDNF13jPfjs
ဒါက ဖြတ်ညှပ်ကပ် Jay Chou ဗားရှင်း https://www.youtube.com/watch?v=wbzB-HeEAhY
အမျိုးမျိုးပါပဲ.. youtube မှာ Little Apple ဆိုပြီးရိုက်ထည့်ရင် ပုံစံအမျိုးမျိုးနဲ့ တွေ့လိုက်မယ်။ ပျင်းနေရင်တော့ လှုပ်လိုက်ကြည့်ရအောင်ပေါ့.. လူတွေအဝေးကို ပြေးကုန်ကြမလား မသိ 

No comments:

Post a Comment