Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီဝင်အများစု ရွေးချယ်ခံရခြင်းကို ကြိုတင်မသိ၊ ကော်မတီတွင် aapp မပါဝင်တော့

အသစ်ဖွဲ့စည်းလိုက် သည့် နိုင်ငံရေးအကျဉ်းသားများ ရေးရာ ကော်မတီအနေဖြင့် နိုင် ကျဉ်း လွတ်မြောက်ရေးထက် အောက်ခြေအဆင့်အထိ ပိုမိုကျယ်ပြန့်သည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကော်မတီတွင် ပါဝင်သူအချို့ကပြောသည်။
နိုင်ငံတော်သမ္မတရုံးအမိန့် ကြော်ငြာစာဖြင့် ဇန်န၀ါရီ ၅ရက် က ဖွဲ့စည်းလိုက်သည့်ကော်မတီ တွင် ပြည်ထဲရေးဒုဝန်ကြီးဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားပြီး အစိုးရ၀န်ကြီးဌာနအချို့မှ ကိုယ်စားလှယ်များ၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အပါအ၀င် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များစုစုပေါင်း ၂၈ဦးပါဝင်ဖွဲ့စည်းထားသည်။
နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရေးကိစ္စများ တွင် အစိုးရ၏ အရေးယူဆောင် ရွက်မှုများလျော့ကျသွားကြောင်း နိုင်ငံရေးအကျဉ်းသားအရေးလှုပ် ရှားသူများကဝေဖန်မှုများဆက် တိုက်ပြုလုပ်နေချိန်တွင် အစိုးရ က နိုင်ငံရေးအကျဉ်းသားများရေး ရာကော်မတီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
‘‘ဒီကော်မတီအနေနဲ့ ဆောင် ရွက်ရမယ်လို့ ကျွန်တော်တို့နား လည်နေတာကတော့ အရင်ကော် မတီသက်တမ်းမကုန်ခင် တင် ထားတဲ့အရေအတွက်၊ ကျန်ရှိအ ရေအတွက်၊ နောင်တင်မယ့်စာ ရင်းအားလုံးကို ကိုင်တွယ်မယ့်အ ဖွဲ့အစည်းမရှိခဲ့ဘူး။ စိစစ်တင်ထားတဲ့ဟာတွေကို အကောင်အထည်ဖော်မယ့်အဖွဲ့မရှိဘူး။ အခုကော်မတီက ကိုင်တွယ်ရမယ့်သဘောပါပဲ’’ဟု ကော်မတီအဖွဲ့ဝင် အဖြစ်ရွေးချယ်ခံရသူ ဒီချုပ်ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းကပြောသည်။
အသစ်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ယခင်ကထက် နိုင် ငံရေးပါတီများပိုမိုပါဝင်လာပြီး စုစုပေါင်း ၁၆ပါတီမှ ကိုယ်စား လှယ်များပါဝင်သည်။
‘‘နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီထက် အခုရေးရာ ကော်မတီက ကျယ်ပြန့်သွားပြီ။ နောက်ပြီး ကျွန်တော်တို့ လူ့အခွင့် အရေးကော်မရှင်အနေနဲ့လည်း အကျဉ်းထောင်တွေ၊ အကျဉ်းစ ခန်းတွေဆီ ၀င်စစ်ဆေးတဲ့အခါအဲ ဒါက ဒီရေးရာကော်မတီအတွက် လည်း ဆပ်စပ်တဲ့အထောက်အ ကူဖြစ်မယ့်သဘောရှိပါတယ်’’ဟု
ရေးရာကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသူမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုဥက္ကဋ္ဌဦးစစ်မြိုင်က ပြောသည်။
အသစ်ပြန်လည်ပြင်ဆင်ဖွဲ့ စည်းလိုက်သည့် ကော်မတီတွင် နိုင်ငံရေးအကျဉ်းသားများအရေး ဆယ်စုနှစ်နှစ်ခုနီးပါးကြာ လုပ် ကိုင်ခဲ့သောအဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း မြန်မာနိုင်ငံ(AAPP-B)ပြန် လည်ပါဝင်လာခြင်းမရှိတော့ပေ။
ကော်မတီသစ်တွင် ယခင် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည့် သမ္မတရုံးဝန်ကြီးဌာန(၃)ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းလည်းပြန်လည်ပါဝင်ခြင်းမရှိတော့ဘဲ ယခင်ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဥက္ကဋ္ဌအဖြစ်ကော်မတီသစ်တွင်ပါဝင်လာခဲ့သည်။
လက်ရှိဖွဲ့စည်းလိုက်သည့် ကော်မတီ၏ ဦးတည်ချက်ကို ပထမဆုံးအစည်းအဝေးပြုလုပ် ပြီးမှသာ သေချာစွာသိနိုင်မည်ဟု ယခင်နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီတွင် ပါဝင်ခဲ့ပြီး ယခုရေးရာကော်မတီတွင်လည်း ဆက်လက်ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်ကပြောသည်။
‘‘ဒီကော်မတီကတော့ နိုင်ငံ ရေး အကျဉ်းသားတွေ လွတ် မြောက်ရေးထက် အကျဉ်းကျနေ တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စတွေ၊ ဥပမာ သူတို့ရဲ့ နေထိုင်စားသောက်ရေးကို ဇောင်း ပေးမယ့်သဘောရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လွတ် မြောက်ရေးဘက်ကို ဦးတည်မှာ ပါ’’ဟု ဦးရဲအောင်ကပြောသည်။
ကော်မတီအဖွဲ့ဝင်အဖြစ် မည်မျှအထိ စွမ်းဆောင်နိုင်မလဲ ဆိုသည်ကိုသိရှိရန် မူဝါဒများကိုလေ့လာရန်လိုနေပြီး နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း ကြားသိထား၍ စိစစ်ဆောင်ရွက်ခွင့်ရရန် ကြိုစားမည်ဟု အ ဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုက်ရ သည့် ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဆိုသည်။
‘‘အရင် ကော်မတီဝင်တွေ ကြိုးကြိုးစားစားလုပ်ခဲ့ကြတယ်။ နိုင်ငံတကာက စောင့်ကြည့်အဖွဲ့ တွေလည်းရှိတယ်။ တော်တော် များများလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ထဲမှာ ပါသွားပါပြီ။ ဒါပေမဲ့ ကျန်တဲ့လူတွေရှိမှာပါ။ ရှိတယ်လို့ လည်းကြားတယ်။ နောက်ပြီးပုဒ်မ ၁၇/၁နဲ့ ညိတဲ့သူတွေ အဲဒီလိုပုဒ်မ တပ်ပြီးအဖမ်းခံရသူတွေအရေး လည်း ဆောင်ရွက်ရမှာပါ။ တချို့ က နားလည်မှုလွဲပြီး ခံရတယ်။ တချို့က တကယ်ပတ်သက် တယ်။ ဒါတွေကို စိစစ်ရမယ်’’ဟု ဒေါက်တာတူးဂျာကဆိုသည်။
ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာတရားဝင်အကြောင်းကြားစာမရောက်လာ သေးသောကြောင့် မှတ်ချက်ပေး ရန်စောလွန်းနေကြောင်း၊ သမ္မတ ရုံး၏ ကြေညာချက်တွင်လူသိများ သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ(AAPP-B)မပါဝင်သဖြင့် စိတ်ပျက်မိကြောင်းဦးရဲ အောင်က ဆက်လက်ပြောသည်။
‘‘AAPPဟာ ပါသင့်တဲ့အဖွဲ့ အစည်းပါ။ မဖြစ်မနေပါသင့်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ နိုင်ကျဉ်းနဲ့ ပတ်သက်ရင်သူ့မှာက အချက်အ လက်အစုံဆုံးပဲ’’ဟု နိုင်ငံရေးအ ကျဉ်းသားဟောင်းများအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် သည့် ဦးရဲအောင်ကပြောသည်။
ရွေးချယ်ခံရသူတစ်ဦးဖြစ် သော ချင်းအမျိုးသားဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌဦးဇိုဇမ် ကလည်း ပုဒ်မ၁၇/၁အကျဉ်းသားအရေး မှာ ရှောင်လွှဲမရသည့်ကိစ္စဖြစ်ပြီး ရေဆုံးရေဖျားပြန်လည်တူးဆွစိ စစ်ရမည့်ကိစ္စဟု ဆိုသည်။
‘‘ပုဒ်မ မှန်မှန်ကန်ကန်နဲ့ ရှိဖို့ အရေးကြီးတယ်။ နိုင်ငံရေးပုဒ်မနဲ့ အဖမ်းခံရသူ ဘယ်နှယောက်ရှိသ လဲ။ အခုတက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရတယ်။ ဘာပုဒ်မနဲ့ဖမ်း သလဲ။ နောက်ပြီးနိုင်ငံတော်ပုန် ကန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ နှစ်ရှည်လများထောင်ထဲကျန်နေ သူတွေရှိတယ်လို့ ကြားတယ်။ တ ကယ်ရှိ၊မရှိကြည့်ရမယ်’’ဟု ဦးဇို ဇမ်ကပြောသည်။
‘‘ဒီအလုပ်က ခက်ခက်ခဲခဲနဲ့ လုပ်ရမယ်။ အင်မတန်အရေးကြီး တဲ့ ကိစ္စကြီးပါ။ လွတ်လွတ်လပ် လပ်မှန်မှန်ကန်ကန်လုပ်လို့ရရင် တော့ကောင်းမယ်။ မပွင့်လင်း မလွတ်လပ်ဘူးဆိုရင်တော့ ဒီ ကြားထဲ ညပ်သွားပြီး လုပ်တာ ကိုင်တာ အဆင်မပြေဖြစ်မှာစိုးရ တယ်’’ဟု ၎င်းကဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ(AAPP-B)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)တို့ ဇန်န၀ါရီ ၄ ရက်က ပူးတွဲထုတ်ပြန်ချက်အရ လက်ရှိမြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၁၆၄ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၃ဦးမှာ တရားရင်ဆိုင်နေရဆဲဖြစ်သည်။
ယခင်က ဖွဲ့စည်းခဲ့သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသား များစိစစ်ရေးကော်မတီကို နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့သည်။စ တင်ဖွဲ့စည်းပြီး သက်တမ်းသုံးလ ကျော်အကြာတွင် လွှတ်တော် ကိုယ်စားလှယ်များအပါအ၀င်အ ဖွဲ့ဝင် ၁၉ဦးဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့ စည်းခဲ့သည်။ ယခုရေးရာကော်မ တီကမူ ယခင်ကထက် ကိုးဦးပိုမိုပါဝင်လာသည်။
ဦးဉာဏ်ဝင်း၊ ဦးစစ်မြိုင်၊ ဒေါက်တာတူးဂျာ၊ ဦးဇိုဇမ်တို့အ ပါအ၀င် နိုင်ငံရေးအကျဉ်းသား များရေးရာကော်မတီ၏ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံလိုက်ရသူအ များအပြားမှာ ဇန်န၀ါရီ ၆ရက် ညနေအထိ ရွေးချယ်ခံရကြောင်း မသိရှိဟု သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment