Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

separable

(၄)

သူက ငါ offer လုပ်တာကို ငြင်းခဲ့တယ် He turned down my offer .
He turned my offer down.
He turned it down.

အဲလို ခွဲရေးလို့ရတာကို separable လို့ ခေါ်ပါတယ် ။

---------------ဒါပေမယ့်-----------------

လက်မှတ်ကို သူမ လိုက်ရှာတယ် She looked for her ticket . လို့ ပြောတာ ကြားဖူးမှာပါ ။

She looked her ticket for . လို့တော့ မရေးရပါဘူး ။
She looked for it . လို့ ရေးပြီး She looked it for လို့ မရေးပါဘူး ။

ဒါလို ခွဲရေးလို့မရတာကို Inseparable လို့ ခေါ်ပါတယ် ။

Separable တွေကို ပို့စ် ၁ ၊ ၂ ၊ ၃ မှာ ဖော်ပြခဲ့ပြီးမို အခု Inseparable တွေကို နည်းနည်း ဖော်ပြလိုက်ပါတယ် ။

( နှစ်လုံးထက်ပိုတဲ့ Phrasal verb တွေကိုတော့ Inseparable လို့ သံသယကင်းစွာ မှတ်ယူနိုင်ပါတယ် ။ )

I got on very well with your colleagues.
မင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငါ သိပ်ကို အဆင်ပြေခဲ့တာဘဲ ( get on well with = အဆင်ပြေ ၊ တည့်သည် )
I got on very well with them.

Please slow down . I can't keep up with you. ဖြည်းဖြည်းသွားပါ ။ မင်းကို ငါ လိုက်မမှီဘူး ။ ( keep you up with လို့ မရေး )

He came across one of his childhood friends this morning. သူ့ငယ်သူငယ်ချင်း တစ်ယောက်ကို မနက်က မတော်တဆ တွေ့ခဲ့တယ် ။ ( came one of his childhood friends across လို့ မရေး )

I've put up with the situation for more than two years.
ဒီအခြေအနေကို ငါ သည်းခံလာတာ ၂ နှစ်ကျော်ခဲ့ပြီ ။ ( put up with = သည်းခံသည် )

ရှုပ်သလိုပေမယ့် တိတိကျကျ မှတ်သားပြီး သတိနဲ့ လေ့ကျင့်ရင် အဆင်ပြေလာမှာပါ ။ နောက်နေ့တွေမှာ ဆက်တင်ပါ့မယ် ။
English in Burmese

No comments:

Post a Comment