Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

တရုတ်နိုင်ငံတွင် ခွဲစိတ်မှုပြုလုပ်ပြီးနောက် selfie ဓာတ်ပုံရိုက်ကူးခဲ့သော ဆရာဝန်များ ပြစ်ဒဏ်ပေးခံရ

တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ် အနောက်မြောက်ဘက်တွင်ရှိသော ဆေးရုံမှ စီနီယာအမှုဆောင်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့သည် သတိမေ့မျောနေသည့် လူနာကို ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လူနာဘေးတွင် အဖွဲ့လိုက် selfie ဓာတ်ပုံရိုက်ကူးခဲ့သောကြောင့် ပြစ်ဒဏ်ပေးခံခဲ့ရကြောင်း အစိုးရပိုင် သတင်းစာမှ ဖော်ပြသွားခဲ့သည်။

ထိုသို့ သတိမေ့မျောနေသော လူနာဘေးတွင် ရိုက်ကူးခဲ့သည့် selfie ဓာတ်ပုံများသည် တရုတ် microblogging ဆိုက်ဖြစ်သည့် Sina Weibo တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဓာတ်ပုံများထဲတွင် တရုတ်ဆရာဝန်နှင့် သူနာပြုများသည် ခွဲစိတ်ခန်းရှိ ခွဲစိတ်သည့် စားပွဲပေါ်၌ သတိမေ့မျောနေသော လူနာနှင့်အတူ ကိုယ်ဟန်ပြ၍ ဓာတ်ပုံ ရိုက်ကူးထားကြသည်။ ထိုဓာတ်ပုံတွင် လူတစ်ဦးသည် ပျော်ရွှင်နေကြောင်း ဖော်ပြသည့် သင်္ကေတတစ်ခုဖြစ်သော V sign ကို ပြသခဲ့သည်။ ယခုနှစ် သြဂုတ်လတွင် ရိုက်ကူးခဲ့သော အဆိုပါ ဓာတ်ပုံများအတွက် ရှီအန်ပြည်သူ့ကျန်းမာရေး အစိုးရဌာနမှ အရေးယူခဲ့ပြီး ပုဂ္ဂလိကပိုင် ဖန်ချန်ဆေးရုံရှိ အုပ်ချုပ်ရေး အမှုဆောင် သုံးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည်။

ဓာတ်ပုံများအတွင်း ပါဝင်သော အခြားဝန်ထမ်းများသည်လည်း အပြစ်ပေးခံခဲ့ရပြီး လစာသုံးလစာ ဖြတ်တောက်ခံခဲ့ရသည်။ ၎င်းကိစ္စတွင် တာဝန်ရှိသည့် ဆေးရုံကလည်း အများပြည်သူထံသို့ တောင်းပန်မှုများ ပြုလုပ်သွားခဲ့ကာ ခွဲစိတ်ခန်းတွင်းရှိ အသုံးအဆောင်များကို မလဲလှယ်မီ နောက်ဆုံးရက်အနေဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့သည်။

Ref: CNN

Internet Journal

No comments:

Post a Comment