Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

phrasal verb

(၁)

ရိုးရိုး verb တွေ .....ဥပမာ break, set, look, pick , get, drop ,etc

preposition တွေ....ဥပမာ down, in , on, out ,to ,up, etc

များစွာသော ရိုးရိုး verb တွေကို preposition နဲ့ပေါင်းရင် verb အသစ်တွေ ( အဓိပ္ပါယ် အသစ် ) တွေ ရပါတယ် ။ အဲဒီလို နှစ်လုံးတွဲ ၊ သုံးလုံးတွဲ verb တွေကို phrasal verb လို့ ခေါ်ပါတယ် ။

ဥပမာ look တစ်ခုတည်းကိုတင် အများကြီး ပွားလို့ရပါတယ် ။ ဒါပေမယ့် ကိုယ်သဘောနဲ့ကိုယ် လျှောက်ပွားလို့တော့ မရပါဘူး ။ကျက်ထားရပါတယ်

look after ကြည့်ရှုစောင့်ရှောက်သည် ။
ှShe wants to look after her parents .

look into = စုံစမ်းစစ်ဆေးသည် ။
I will look into the problem. Don't worry.

look up to = အထင်ကြီး လေးစားသည် ၊
Mg Mg really looks up to his father.

look down on = အထင်သေးသည် ။ ( look down upon လို့လည်း ရေးလို့ ရ )
You don't need to look down on them just because they are homeless.
သူတို့ဟာ အိမ်မဲ့ယာမဲ့ ဖြစ်တယ် ဆိုရုံနဲ့ မင်း သူတို့အပေါ် အထင်သေးဖို့ မလိုပါဘူး ။

look out= သတိထား ဂရုစိုက်သည် ။
We looked out for each other on the trip.
ခရီးမှာ ငါတို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ် ။

break = ကျိုးသည် ။
break into = ချိုးဖောက်ဝင်ရောက်သည် ။
Last night, two thieves broke into my house but took all the valuables.
မနေ့ညက သူခိုးနှစ်ယောက် ငါ့အိမ်ကို ဖောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ယူသွားတယ် ။

break out = ဖြစ်ပွားသည် ။
The first World War broke out in 1914.
ပထမကမ္ဘာစစ်က ၁၉၁၄ မှာ ဖြစ်ပွားခဲ့တာ ။

Fire broke out in the middle of the night.
ညလယ်ကောင်ကြီး မီးလောင်လို့လေ ။

Phrasal Verb တွေဟာ အလွန်တရာ များလှပါတယ် ။ အကုန်သိဖို့ မလွယ်ပါဘူး ။ အသုံးများတာတွေကို တိတိကျကျ မှတ်ကို မှတ်ထားရပါတယ် ။ တစ်ခုနဲ့တစ်ခု ဆင်သလိုလို ရှိတတ်ပေမယ့် အဓိပ္ပါယ်တွေ လုံးဝ ကွဲတတ်ပါတယ် ။ ပို့စ်နံပါတ် ၂ မှာ ဆက်ကြည့်ပါ ။
English in Burmese

No comments:

Post a Comment