Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Phrasal verb (review)



( ၅ )

ပုံထဲက ငမန်းလေးက ဆိုတယ် ။

I am thinking of brushing up on my English .
ငါ အင်္ဂလိပ်စကား ပြန်လေ့လာဖို့ လုပ်နေတယ် ကွ
( brush up on = ပြန်နွေးသည် ၊ ပြန်သတိရအောင် လုပ်သည် ။ )

ကဲ....ကိုယ်တို့လည်း သိပြီးသား ဖြစ်လောက်တဲ့ Phrasal verb တွေကို ပြန်နွေးကြမယ် ။
Let's brush up on the phrasal verbs that you might have already known.

Make sense = အဓိပ္ပါယ်ရှိသည် ။ ယုတ္တိရှိသည် ။
Your story doesn't make sense .မင်းဇာတ်လမ်းက ယုတ္တိမရှိ ။

add up = အဓိပ္ပါယ် ရှိသည် ။ ယုတ္တိရှိသည် ။
It's difficult to believe her. What she is saying doesn't add up.
သူမကို ယုံဖို့ခက်တယ် ။ ပြောနေတာတွေက အဓိပ္ပါယ် မရှိ

come up with = အကြံအစည် ၊ စိတ်ကူး ရသည် ။
She has come up with a really good idea.

You should come up with the solution by tomorrow. မနက်ဖြန်နောက်ဆုံးထားပြီး မင်း အဖြေ ထုတ်သင့်တယ် ။

do without = ( တစ်ခုခုကို မသုံးရ မစွဲရ မစားရဘဲ ရှင်သန် ) နေနိုင်သည် ။
I can't do without a cup of coffee in the morning.
မနက်တိုင်း ကော်ဖီ မသောက်ရဘဲ မနေနိုင်ပါ ။

We've just finished sugar and the shops are closed by now, so we will have to do without it.
ခုတင်ဘဲ သကြားကုန်သွားလို့ ၊ ဆိုင်တွေကလည်း ခုလောက်ဆို ပိတ်ကုန်ပြီ ။ မသုံးဘဲ နေရမှာဘဲ ။

come up to = ( မျှော်လင့်ထားတဲ့ အတိုင်း ) ကောင်းသည် ။
The restaurant didn't come up to our expectations.
စားသောက်ဆိုင်က ထင်သလောက် မကောင်းဘူးနော် ။

live up to = ( come up to နဲ့ အဓိပါယ် ဆင်ပါတယ် )
I really want to live up to the expectations of my parents.
ငါ့မိဘတွေ ငါ့အပေါ်ထားတဲ့ မျှော်လင့်ထားချက်တွေအတိုင်း တကယ် ပြည့်ဝအောင် နေချင်တယ် ။

The concert was brilliant - it lived up to all our expectations. ပွဲက သိပ်ကောင်းတာဘဲနော် ။ ငါတို့ မျှော်လင့်ထားတဲ့အတိုင်းပါဘဲ ။

I ran into my teacher at the movies last night.
မနေ့ညက ရုပ်ရှင်ရုံမှာ ဆရာနဲ့ အမှတ်မထင် တွေ့တယ် ။

------ရှေ့က သင်ခန်းစာ ၁ ၊ ၂ ၊ ၃ ၊ ၄ နဲ့ကို ကြည့်ရင်း ပိုပြီး ရေလည်သွားအောင် ဒီပို့စ်မှာ ဥပမာ နည်းနည်း ပေးထားတာပါ ။ အသုံးများတဲ့ Phrasal verbs တွေကို နောက်ပို့စ်များမှာ ထပ်ထည့်ပေးသွားပါမယ်---------

Please brush up on what you have learnt so far !!!


English in Burmese

No comments:

Post a Comment