Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

phrasal verb (3)

( ၃ )

ငါ့သားကို သွားကြိုမလို့ = I am going to pick my son up ကို
I am going to pick up my son လို့လည်း ရေးလို့ရပါတယ် ။

ဒါပေမယ့် my son နေရာမှာ နာမ်စား him ကို သုံးရင်တော့

I am going to pick him up လို့ဘဲ ရေးလို့ ရပါတယ် ။ I am going to pick up him လို့ လုံးဝ ( လုံးဝ ) မရေးရပါဘူး ။ အလားတူဘဲ

Could you fill in this form ,please ? ကို
Could you fill this form in ,please ? လို့ ရေးလို့ရပါတယ် ။
ဒါပေမယ့် နာမ်စားသုံးရင်တော့ Could you fill it in ,please ? ပါ ။

He carefully filled out the job application. ( fill out = ဖြည့်သည် )
He carefully filled the job application out.
He carefully filled it out.

We called off the trip due to the bad weather. (call off = စီစဉ်ထားတာကို ဖျက်သည် )
We called the trip off due to the bad weather.
We called it off due to the bad weather.

He dropped me off at the station.
သူငါ့ကို ဘူတာမှာ ချပေးခဲ့တယ် ။

I am not going to let you down.
ငါမင်းကို စိတ်မပျက်စေရပါဘူး ။

We saw him off at the airport.
ငါတို့သူ့ကို လေဆိပ်လိုက်ပို့ခဲ့တယ် ။ ( see off = လိုက်ပို့သည် )

ဒါပေမယ့် နာမ်စားသုံးရင် အဲလို ရေးရတယ်ဆိုတာ general rule သာ ဖြစ်ပါတယ် ။ အရာရာ ပုံသေကားကျ မှတ်လို့ မရပြန်ပါဘူး ။ ဥပမာ

I look after my parents ကို နာမ်စားသုံးရင် I look after them လို့ ဘဲ ရေးရပါတယ် ။ I look them after လို့ ရေးလို့ မရပါဘူး ။

ူဒီလို ဆိုတော့ ရှုပ်နေတာဘဲ လို့ ထင်ကောင်း ထင်မှာပါ ။ ဘယ်လို လုပ်သိမှာလဲ ၊ ဘယ်လို လုပ်မှတ်မိမှာလဲလို့ မေးရင်တော့ by memory , by practice ပါဘဲ လို့ ။

သတိလေးနဲ့ သေချာသုံးရင် အကျင့်ဖြစ်သွားပါလိမ့်မယ် ။

ပို့စ် နံပါတ် ( ၄ ) မှာ Phrasal Verb တွေမှာ separable နဲ့ inseparable ရှိကြောင်း ကြည့်လို့ရပါတယ် ။
English in Burmese

No comments:

Post a Comment