Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Phrasal verb (2)


(၂)

ဒီစာကြောင်းလေးတွေက Phrasal verb တွေနဲ့ ရေးထားတာပါ ။ မသိတဲ့ စာလုံး မပါသလောက်ပါဘဲ .....ကျေးဇူးပြုပြီး အဓိပ္ပါယ် ပြန်ကြည့်ပါလား........။

1. Where are you putting up in Yangon ?

2. I have no choice but to put up with my in-laws .

3. My nephew came down with flu this weekend.

4. I might drop in for tea sometime this week.

5. I have to hand in my essay by Friday.

6. I was surprised how well my new girlfriend and my sister got along .

7. Your baby takes after your husband .

8. My boyfriend didn't want to go to the party , but he finally gave in.

_____မသိသူများအတွက် အဖြေက ဒီမှာပါ ။_____

1. မင်း ရန်ကုန်မှာ ဘယ်မှာ တည်းလဲ ။ ( put up = တည်းခိုသည် )

2.ငါ့ ( ယောက်ျား / မိန်းမ ) ဘက်က အမျိုးတွေကို သည်းခံရုံကလွဲလို့ ရွေးစရာမှ မရှိဘဲ ။ ( put up with = သည်းခံသည် )

3. ကျမ တူလေး အအေးမိပြီး နေမကောင်းဖြစ်ခဲ့တယ် ။ ( come down with = နေမကောင်းဖြစ်သည် )

4. ကျနော် ဒီတစ်ပတ်မှာ တစ်ချိန်ချိန် ချိန်းမထားဘဲ ၀င်ရင် ၀င်လာခဲ့မယ် ။ ( drop in = ချိန်းမထားဘဲ လာလည်သည် )

5.သောကြာနေ့ နောက်ဆုံးထားပြီး စာစီစာကုံးကို ထပ်ရမယ် ( hand in = ဆရာမကို အိမ်စာ စသည်ဖြင့် ပြသည် )

6. ငါ့ကောင်မလေးအသစ်နဲ့ ငါ့ညီမလေး ဘယ်လောက်တောင် အဆင်ပြေတယ်ဆိုတာ ကြည့်ပြီး ငါအံ့သြခဲ့ရတယ် ။ ( get along = အဆင်ပြေ ၊ တည့်သည် )

7. မင်းကလေးက မင်းအမျိုးသားနဲ့ တူတယ်နော် ။ ( take after = ရုပ်လက္ခာတူသည် )

8. ငါ့ကောင်လေးက ပါတီပွဲကို မသွားချင်ဘူး ။ ဒါပေမယ့် နောက်ဆုံးတော့ လိုက်လျောခဲ့ပါတယ် ။ ( give in = လိုက်လျောသည် )

စာတစ်ကြောင်းမှာ ကိုယ်မသိတာ မပါသလို ထင်ရပေမယ့် ဒီလို လွယ်မယောင်နဲ့ အဓိပ္ပါယ်မပေါက်တဲ့ စကားတွေ အများကြီးရှိတယ်ဆိုတာပါဘဲ ။

ထပ်ပြောရရင် Phrasal Verb ဆိုတာ in , on, out, after, along, over, up စတဲ့ preposition တွေနဲ့ ပေါင်းနေတတ်တယ် ၊ တခါတလေလည်း around , down, above စတဲ့ adverb ခေါ် ကြိယာဝိသေသန ပေါင်းနေပြီး အဓိပ္ပါယ် သတ်သတ် ထွက်နေတတ် ပါတယ် ။

လွယ်သလိုလိုနဲ့ စာကြောင်းရဲ့ အဓိပ္ပါယ်ကိုလည်း ဖော်လို့မရရင် phrasal verb ဖြစ်နေတတ်ပါတယ် ။ အဘိဓါန်မှာ သေချာတိုက်ကြည့်ပြီး တိတိကျကျ မှတ်ထားဖို့လည်း တိုက်တွန်းပါတယ် ။ ဆက်ပြီး ပို့စ် နာပါတ် ( ၃ ) မှာ လေ့လာလို့ ရပါတယ် ။
English in Burmese

No comments:

Post a Comment