Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 9, 2014

မိမိ PC ကို အခြားသူများ ဝင်ရောက် အသုံးပြုမှုအား စစ်ဆေးခြင်း

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာကို အခြားသူ တစ်ဦးတစ်ယောက် အသုံးပြုသွားလားဆိုတာကို ကြည့်ရှုဖို့နဲ့ ကွန်ပျူတာရဲ့ Startup နဲ့ Shutdown Log တွေကို သိရှိ နိုင်ဖို့အတွက် အလွယ်တကူနဲ့ ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Boot တက်ချိန်တွေနဲ့ မည်သည့်အချိန်မှာ Shutdown ပြုလုပ်မှုများကို Log ဖိုင်တွေနဲ့ စနစ်တကျ မှတ်သားထားတာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ PC Startup နဲ့ Shutdown Log များကို ကြည့်ရှုဖို့ အတွက် Win + R ကိုတွဲနှိပ်ပြီး Run Box ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Run Box ရောက်ပြီဆိုရင် eventvwr.msc ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Event Viewer ဆိုတဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ Windows Startup နဲ့ Shutdown Log တွေကို ကြည့်ရှုဖို့ အတွက်ဆိုရင် ဘယ်ဘက် Panel ထဲက Windows Logs ဆိုတာကို ရွေးချယ်ပြီး System မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Event Viewer Local ကနေ ကြည့်မယ်ဆိုရင် Error ဖြစ်ခဲ့တဲ့ App တွေ၊ System ပိုင်း Error ဖြစ်ခဲ့တာတွေကို အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Error, Critical, Warning, Information, Audit Success အစ ရှိတာတွေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် အချိန်တွေ၊ ရက်တွေနဲ့ Log ဖိုင်တွေကို မှတ်သားထားပေးပါတယ်။ Windows Logs ရဲ့ System ပိုင်းမှာ Information တွေနဲ့ Error ဖြစ်ခဲ့တာတွေကို လည်း ကြည့်ရှုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

Event Viewer ရဲ့ Windows Logs ရဲ့ System ပိုင်းမှာ ကွန်ပျူတာ စဖွင့်ခဲ့တဲ့ အချိန်ကို နေ့ရက်၊ အချိန် အတိအကျနဲ့ Information မှာဖော်ပြပေးမှာဖြစ်ပြီး၊ ကွန်ပျူတာသုံးနေစဉ် အချိန်တစ်လျှောက်မှာ ဖြစ်နေတဲ့ Error တွေ Malware တွေ့ရှိတာတွေကိုလည်း တောက်လျှောက် မှတ်တမ်းတင်ပြီး အချိန်အလိုက် ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်

Internet Journal

No comments:

Post a Comment