Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Participle Adjectives လို့ ခေါ်တဲ့ စကားလုံးဆင်တဲ့ Adjective တွေ


(၁)

လွယ်မလိုလို သိသလိုလိုနဲ့ အရမ်းမှားကြတာ ရှိပါတယ် ။ Participle Adjectives လို့ ခေါ်တဲ့ စကားလုံးဆင်တဲ့ Adjective တွေပါ ။

ဥပမာ interested = စိတ်ဝင်စားသော
interesting = စိတ်ဝင်စားစရာ ကောင်းသော ။

***အဓိကကတော့ အဓိပ္ပါယ်ကို သေချာသိရင် ဘာသာပြန်ကြည့်လိုက်ရင် ကွဲပါတယ်***

I am interested in football.
ကျနော် ဘောလုံးကန်တာ စိတ်ဝင်စားတယ် ။

Football is interesting to me.
ဘောလုံးကန်တာက ကျနော့်အတွက် စိတ်ဝင်စားစရာပါဘဲ ။

She is interested in reading.
Reading is interesting to her.

I am interesting လို့ ရေးရင် မရဘူးလားဆိုတော့ ရပါတယ် ။ အဓိပ္ပါယ်က '' ကျနော်က စိတ်ဝင်စားစရာ ကောင်းတယ်နော် '' လို့ ထွက်တယ် ။ ကိုယ့်ကိုယ်ကိုယ် မြှောက်သလို ဖြစ်သွားတယ် ။

Am I interesting to you ?
ငါက မင်းအတွက် စိတ်ဝင်စားစရာ ကောင်းလားဟင် ။

Are you interested in me?
ရှင် ကျမကို စိတ်ဝင်စားလား ။

့Your story is interesting ( to us ).
မင်းဇာတ်လမ်းက (ငါတို့အဖို့) စိတ်ဝင်စားစရာဘဲကွ ။

We are not interested in your story.
မင်းဇာတ်လမ်းကို ငါတို့ စိတ်မ၀င်စားပါဘူး ။

The film was very interesting.
The audience was very interested in the film.

ဒီလို သီးသန့်မှတ်ရတဲ့ Participle Adjectives တွေ အများကြီး ရှိပါတယ် ။ အစမို့ လူတိုင်းသိနိုင်တဲ့ interesting နဲ့ interested နဲ့ ဥပမာပေးလိုက်ပါတယ် ။

I would be interested in working in Singapore if I could get a work permit.
အလုပ်ပါမစ်ရနိုင်ရင်တော့ စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကျနော် စိတ်ဝင်စားမှာပါ ။

She might be interested in the job if she knew.
သူမသာ ဒီအလုပ်အကြောင်း သိရင် စိတ်ဝင်စားနိုင်တယ် ။

ဒီ Participal Adjectives တွေကို သိတယ် မဟုတ်လား ။
..........................................................

surprised -surprising
amazed- amazing
bored-boring
shocked-shocking
terrified-terrifying
excited-exciting
disappointed-disappointing
confused-confusing
tired-tiring

Nothing is interesting if you are not interested. So let's be interested !!!
စိတ်မ၀င်စားလို့ကတော့ ဘယ်အရာကမှလည်း စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်ဘူးလေ ။ ဒီတော့ စိတ်ဝင်တစား ရှိပါစို့
English in Burmese

No comments:

Post a Comment