Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Participle Adjectives လို့ ခေါ်တဲ့ စကားလုံးဆင်တဲ့ Adjective တွေ (5)


(၅) အဖြေ ရွေးကြည့်လို့ ရပါတယ် ။

........................................................

embarrassed = ရှက်သော ။ အနေရခက်သော
embarrassing = ရှက်စရာကောင်းသော ။

I've never felt so ( embarrassing/embarrassed ) in my entire life.
ငါ့ တစ်သက်လုံး တစ်ခါမှ ဒီလို မရှက်မိဘူး ။

I wish he wouldn't ask such (embarrassing/embarrassed) questions.
အနေခက်စေမယ့်မေးခွန်းတွေကို သူမမေးပါစေနဲ့ ။

damaged = ပျက်စီးခဲ့ပြီးသော
damaging = ပျက်စီးစေသော

This incident was ( damaging/damaged ) to her career and reputation.
ဒီအဖြစ်အပျက်က သူမရဲ့ အလုပ်နဲ့ သိက္ခာကို ထိခိုက်သွားစေခဲ့တယ် ။

How is he going to retrieve his ( damaging/ damaged ) reputation by scandal?
ကျော်မကောင်းကြားမကောင်းကိစ္စကြောင့် ပျက်စီးသွားခဲ့တဲ့ သူ့ဂုဏ်သိက္ခာကို သူဘယ်လို ပြန်ဆယ်မှာပါလိမ့် ။

gratified = ကျေနပ်သော
gratifying = ကျေနပ်ဖွယ်ကောင်းသော

We were so ( gratifying/ gratified ) at the result of of the project.
စီမံကိန်းရဲ့ ရလာဘ်ကို ငါ့တို့ သိပ်ကျေနပ်တယ်။

Being able to help people in need is a very ( gratifying/ gratified ) experience.
လိုအပ်နေတဲ့လူတွေကို အကူအညီပေးနိုင်တာဟာ ကျနော့်အဖို့တော့ တကယ့်ကို ကျေနပ်စရာအတွေ့အကြုံပါဘဲ ။

frightened = ကြောက်လန့်သော
frightening = ကြောက်စရာကောင်းသော

They tried to sooth the ( frightening/ frightened ) child.
ကြောက်နေတဲ့ကလေးကို သူတို့ နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့ကြတယ် ။

There's nothing to be (frightening/ frightened ) about.
ဘာမှ ကြောက်ဖို့ မလိုပါဘူး ။

The look on his face was extremely (frightening/frightened ).
သူမျက်နှာပေးက သိပ်ကို ကြောက်စရာကောင်းတာပါဘဲ ။

It was an extremely (frightening/frightened ) experience.
တကယ့်ကို ကြောက်စရာ အတွေ့အကြုံပါဘဲဗျာ ။

I have always been ( frightening/ frightened ) of snakes.
ကျနော်က မြွေဆို အမြဲကြောက်လာတာဗျ ။

alarmed = လန့်သော
alarming = လန့်စရာကောင်းသော

People are ( alarming/ alarmed ) at the prospect of inflation.
ငွေကြေးဖောင်းပွလာမယ့်အရိပ်အယောင်တွေ့တော့ လူတွေ လန့်နေကြတယ် ။

Populating is increasing at an ( alarming/alarmed ) rate.
လူဦးရေက လန့်စရာကောင်းလောက်အောင် တိုးလာနေတယ် ။
exhausted = ပင်ပန်းသော
exhausting = ခြေကုန်လက်ပန်းဖြစ်စေသော

I feel sorry to see her ( exhausting/ exhausted ) face.
ပင်ပန်းနွမ်းနယ်နေတဲ့ သူမမျက်နှာကို ကြည့်ပြီး ကျနော် စိတ်မကောင်းဘူးဗျာ ။

Now I know how (exhausting /exhausted ) it is to raise a child .
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ပင်ပန်းမှန်း အခုတော့ ကျမ သိပြီ ။

fascinated = ဆွဲဆောင်ခံရသော ။
fascinating = ဖမ်းစားနိုင်သော ။

We are all ( fascinating/fascinated ) by new I-phone design.
အိုင်ဖုန်းအသစ် ဒီဇိုင်းက ငါတို့အားလုံးကို ဖမ်းစားထားတော့တာဘဲ ။

I have never seen such a ( fascinating ?fascinated ) beauty in my life.
ဒီလောက် ဖမ်းစားနိုင်တဲ့ အလှမျိုး ကျုပ်တစ်သက် တခါမှ မတွေ့ဖူးပါဘူး ။

English ib Burmese

No comments:

Post a Comment