Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

Participle Adjectives လို့ ခေါ်တဲ့ စကားလုံးဆင်တဲ့ Adjective တွေ (4)

( ၄ ) အမှန် ရွေးကြည့်ပါလား
.............................

(1) We were ( amazing/amazed ) to see how Singapore has changed during the last 4 years.
ပြီးခဲ့တဲ့လေးနှစ်အတွင်း စင်္ကာပူပြောင်းလဲသွားပုံကို ကြည့်ပြီး တို့ဖြင့် အံ့သြမိလိုက်တာ ။

(2) Bangkok is such an ( amazing/amazed) place for shopping!
ရှော့ပင်းအတွက်ဆို ဘန်ကောက်က အံ့ဖွယ် နေရာတစ်ခုပါဘဲဗျာ ။

(3 ) Picking teeth in public is such an (annoying/annoyed) habit !!!
လူကြားထဲသွားကြားထိုးနေတာ သိပ်စိတ်ပျက်ဖို့ ကောင်းတဲ့အကျင့်ဘဲရှင့် ။

(4 ) I get so ( annoying/annoyed ) to hear people blowing their noses loudly in class.
အတန်းထဲမယ် နှပ်ညှစ်သံအကျယ်ကြီးတွေ ကြားရတာ ကျမ ဖြင့် သိပ်စိတ်ကုန်တာပါဘဲ ။

(5) Linguistics is such a (boring/bored) subject for me that every time I get sleepy in class.
ဘာသာဗေဒက ကျနော့်အတွက် အတော်ပျင်းစရာကောင်းတဲ့ ဘာသာရပ်ပါဘဲဗျာ ။ အချိန်တိုင်း ငိုက်တာဘဲ ။

(6) I am getting very ( boring/ bored ) with this entire business.
ဒီကိစ္စတစ်ခုလုံးကို ကျနော် စိတ်တော်တော် ကုန်လာပြီ ။

(7) What a weather ! This constant rain is really (depressing/depressed ).
ရာသီဥတုကလဲကွာ ။ တချိန်လုံးရွာနေတဲ့ ဒီမိုးကတော့ တကယ့်ကို စိတ်ပျက်ဖွယ်ဘဲ ။

(8) He seems ( depressing/ depressed ) after the death of his parents.
မိဘတွေဆုံးပြီးတဲ့နောက်ပိုင်း သူ့ကြည့်ရတာ စိတ်ဓါတ်ကျနေသလိုဘဲ ။

(9) I am ( tiring/ tired ) of hearing the same story over and over again.
ဒီအကြောင်းဘဲ ထပ်ခါတလဲလဲ ကြားရတာ စိတ်ကုန်လာပြီနော် ။

(10 ) Sometimes it's ( tiring/tired ) to deal with such a problem but there is a certain satisfaction in the end.

တခါတလေတော့လည်း အဲလို ပြသာနာကို ဖြေရှင်းရတာ ပင်ပန်းစိတ်ကုန်စရာကောင်းလှတယ် ။ ဒါပေမယ့် နောက်ဆုံးမှာ စိတ်ကျေနပ်စရာ တစုံတရာတော့ ရှိတာပါဘဲ ။

*****ဒီစာလုံးတွေကလည်း အဲလိုဘဲ သုံးတယ် ။ နည်းနည်းလေး ပိုခက်နေရင်လည်း စိတ်မပူပါနဲ့ ။ နောက်နေ့မှာ ဥပမာလေးတွေ ထပ်ပေးပါ့မယ် ။ ******

embarrassed-embarrassing
damaged-damaging
gratified-gratifying
frighted-frightening
alarmed-alarming
exhausted-exhausting
fascinated-fascinating

English in Burmese

No comments:

Post a Comment