Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 10, 2014

ပြိုင်ပွဲမှာ နိုင်နိုင်၊ရှုံးရှုံး ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်းတွေ ပြောပြနိုင်ခဲ့ရင် ကျေနပ်ပါတယ်လို့ ဆိုတဲ့ သျှားထွဋ်အိန္ဒြာ(Miss Universe Myanmar2014)





Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ ဟာ၂၀၁၅၊ ဇန်နဝါရီ ၂၅ရက်နေ့မှာ မိုင်ယာမီကမ်းခြေမှာ ကျင်းပပြုလုပ်မယ့် Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်နေပြီပဲဖြစ်ပါတယ်။ အဲဒါနဲ့ သူမကို ပြိုင်ပွဲအတွက် ဘယ်လိုတွေ လေ့လာပြင်ဆင်မှုတွေ လုပ်နေလဲဆိုတာကိုတော့
ပြိုင်ပွဲကို ဘယ်နေ့စတင်ကျင်းပမှာလဲ။
ပြိုင်ပွဲကြီးက ဇန်နဝါရီ၂၅ရက်နေ့ပါ။ Camp ကိုဇန်နဝါရီ ၄ရက်နေ့မှာ စဝင်ရမယ်။ ညီမ ဒီဇင်ဘာ ၂၉မှာ ရန်ကုန်ကနေ စထွက်ပါမယ်။
ကြိုတင်ပြင်ဆင်လေ့လာမှု အပိုင်းလေး သိပါရစေ။
အဓိက National Costume ကို အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်ထားပါတယ်။ Bodyကို သေချာဂရုစိုက်ပြီးတော့ လုပ်ဖြစ်တယ်။ general knowledge ကိုသေချာလေ့လာဖြစ်တယ်။ catwalk ပိုင်းကိုလည်း သေချာလုပ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ miss နဲ့ model လမ်းလျှောက်ပုံခြင်း မတူဘူး။ အဲဒီတော့ miss တစ်ယောက်ရဲ့အင်္ဂါရပ်နဲ့အညီ ပြည့်စုံအောင်လျှောက်နိုင်ဖို့ သေချာ လေ့ကျင့်နေပါတယ်။ နောက်ပြီးကမ္ဘာ့ရဲ့ Current Event တွေကိုလည်း ညီမလေ့လာနေပါတယ်။
သျှားထွဋ်ကို Catwalk ပိုင်းမှာ အားနည်းတာတွေ့ခဲ့ရတော့ အခုချိန်မှာရောCatwalk လျှောက်တာနဲ့ ပတ်သက်ပြီး ကျင့်သားရနေပြီလား။
ဟုတ်ကဲ့။ အခုတော်တော်အားရနေပါပြီ။ ညီမအတွက် အချိန်တွေအများကြီး ရတယ်။ အဲဒီ့အချိန်အတွင်းမှာ သေသေချာချာကို လေ့ကျင့်ထားတာပါ။ အားရသင့်သလောက် အားရနေပါပြီ။
သျှားထွဋ်က ကိုယ့်ကိုယ်ကိုယ် အားရမှုမရှိတာ တော်တော်များများရှိတယ်လို့ ပြောဖူးတော့အခုချိန်မှာ ကိုယ့်အတွက် အကြီးမားဆုံးခက်ခဲမှုကဘာဖြစ်မလဲ။
အခုချိန်မှာတော့ ညီမကိုယ့်ကိုယ်ကိုယ် တော်တော်အားရနေပါပြီ။ အရင်ကဆို ညီမCatwalk လျှောက်တာကို လုံးဝသဘောမကျဘူး။ အားမရဘူး။ လမ်းလျှောက်လိုက်ရင်တောင့်တောင့်ကြီး ဖြစ်နေတယ်လေ။ ညီမအတွက်Catwalk လျှောက်ရတာခက်ခဲပါတယ်။ အခုချိန်မှာတော့ အားရနေပါပြီ။
ပြိုင်ပွဲမှာ ဝတ်ဆင်ပြသသွားမယ့် National Costume က ဘယ်လိုဝတ်စုံမျိုးဖြစ်မလဲ။
ရှေးခေတ်ဘုရင်မ တစ်ယောက်ရဲ့ဝတ်စုံပါ။ ဒီဇိုင်နာမပုံ့ စီစဉ် ပေးတာပါ။
ပရိသတ်တွေကလည်း ရှေ့မှာပြိုင်ခဲ့တဲ့ မိုးစက်ဝိုင်က အရမ်းလှပေမယ့် ဆုမရခဲ့ဘူးဆိုတော့ သျှားထွဋ်အိန္ဒြာ ကိုလည်း သိပ်ပြီးမျှော်လင့်မှု မထားတာတွေ့ရတဲ့အပေါ် ဘာပြောချင်လဲ။
ဟုတ်ပါတယ်။ လူတစ်ယောက်က အမြဲperfect ဖြစ်နေတာမှ မဟုတ်တာ။ perfect ဖြစ်ဖို့ အမြဲ train နေရတယ်။ ညီမလည်း ကိုယ့်ကိုယ်ကိုယ် Perfect ဖြစ်တယ်လို့ မရှိပါဘူး။ နိုင်ငံတကာနဲ့ ပြိုင်ရမှာဖြစ်တယ်။ ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ရတာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ထည့်ထားတယ်။ ပြိုင်ပွဲမှာ အနိုင်နဲ့အရှုံး ပဲရှိတာဆိုတော့နိုင်တဲ့ဒဏ်ကို ခံနိုင်သလိုရှုံးတဲ့ ဒဏ်ကိုလည်း ခံနိုင်ရမယ်။ အဲဒီတော့ ဟိုရောက်ရင် ငါနိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ပြိုင်ရင်တော့ ဒါကိုယ်ရှုံးနေပြီပဲ။ ကိုယ့်ကိုယ် ကိုယ်ဘယ်လို အကောင်းဆုံးဖြစ်ဖို့လုပ်ရမလဲ၊ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်ဆိုတဲ့စိတ်၊ ယုံကြည်မှုအပြည့်အဝနဲ့ပဲ ညီမယှဉ်ပြိုင်သွားမယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုအကြောင်းတွေကို ညီမပြောပြနိုင်ခဲ့ရင် ညီမကျေနပ်ပါတယ်။
သျှားထွဋ်နားလည်လက်ခံထားတဲ့ Miss တစ်ယောက်ရဲ့အရည်အချင်းတွေ ပြောပြပေးပါ။
Miss တစ်ယောက်မှာ body၊ brain၊ beauty ပေါ့။ ခန္ဓာကိုယ်လှရမယ်။  beauty မှာလည်း beautiful mind ပေါ့။ စိတ်ရော လူရောလှနေရမယ်။ ဥာဏ်လည်း ထက်မြက်ရမယ်။
ပရိသတ်တွေကို ပြောချင်တာရှိရင်ပြောပြပါဦး။
ပရိသတ်ကြီးရဲ့အားပေးမှုနဲ့ သျှားထွဋ်အိန္ဒြာဆိုတာ ဖြစ်လာခဲ့ပါတယ်။ အဲဒီအတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ညီမလည်း အခုဆိုရင် အရင်ကထက် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲသင့်သလောက်လည်း ပြောင်းလဲလာပါပြီ။ ပရိသတ်ရဲ့ ဝေဖန်မှုကြောင့် ကိုယ့်ရဲ့အားနည်းချက်တွေ သိလာရပါတယ်။ ပရိသတ် ဆက်လက်အားပေးပါ။ ညီမသွားပြိုင်နေတဲ့ အတွင်းမှာ ဖေ့စ်ဘွတ်ကနေဖြစ်စေ၊ message box ကနေပဲဖြစ်စေ၊ တစ်နည်းမဟုတ်တစ်နည်း ညီမကို ဝေဖန်အားပေးနိုင်ပါတယ်။
Trend Myanmar
Sharr Htut Eaindra was crowned Miss Universe Myanmar 2014.
Waist Number: 18
Name: Sharr Htut Eaindra
Age: 20
Citizenship: Myanmar
Education: Second Year (Philosophy) Certificate in Marketing Management
Other Qualification: Miss MRA 2014 2nd Runner Up of Mega Export 2013, Miss Sweet Smile of Masuri
Ambition: To become Miss Universe Myanmar Height(cm): 171cm

No comments:

Post a Comment