Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

မှတ်ထားရမည့် တချို့သော Adjective တွေနောက်မှာ လိုက်သော Preposition (2)


(၂)

jealous of = မနာလိုသော
She is just jealous of your success. Let her be.
သူမက မင်းအောင်မြင်တာကို မနာလို ဖြစ်နေတာ ။ ထားလိုက်ပါ ( ဖြစ်နေပါစေ )

aware of = သတိထားသော ၊ သိသော
Sorry ! I was not aware of my mistake.
ငါ့အမှားကို သတိမထားမိခဲ့ဘူး ။ ဆောရီးပါဘဲ

Be aware of her, she loves gossiping about everybody.
သူမကို သတိထားနော် ။ လူတကာအကြောင်း သိပ်အတင်းတုပ်တတ်တာ ။

unaware of = သတိမထားမိသော ၊ မသိသော
I was unaware of the situation and kept on talking endlessly.
ကျနော် အခြေအနေကို သတိမထားမိဘဲ မပြီးနိုင်မဆုံးနိုင် ဆက်ပြောနေမိခဲ့တယ် ။

addicted to = စွဲလန်းသော
Mary is addicted to facebook.

I was addicted to video games till I was 20.
အသက် ၂၀ ရောက်တဲ့အထိ ကျနော် ဗီဒီယိုဂိမ်းစွဲနေခဲ့တာ ။

packed with = ပြည့်ကျပ်နေသော
The train was packed with people.

capable of = လုပ်နိုင် ၊ တတ်နိုင်သော
Are you capable of hard work?
မင်း အလုပ်ကြမ်းလုပ်နိုင်လား

Please be careful of him. He is capable of violence.
သတိထားပါ ။ သူက အကြမ်းလည်း ဖက်တတ်တယ် ။

She is not capable of writing a long report.
သူမက အစီရင်ခံစာ ရှည်ရှည်တွေကို မရေးနိုင်ဘူး ။

incapable of = မလုပ်နိုင် ၊ မတတ်နိုင်
He is incapable of love.
သူက မချစ်တတ်ဘူး ။

He is incapable of violence.
သူက ကြမ်းကြမ်းတမ်းတမ်း မလုပ်တတ်ပါဘူး ။

***ပုံမှာ ပါတဲ့ စကားလုံးတွေကိုလည်း သိပြီးသားဖြစ်နိုင်ပါတယ် ။ တွဲတဲ့ preposition တွေကို မှတ်ထားလိုက်ပါ ***
English in Burmese

No comments:

Post a Comment