Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

တရုတ်ရာဇဝင်ဇာတ်လမ်းတွဲမှာ ပထမဆုံး သရုပ်ဆောင်မယ့် Girls' Generation အဖွဲ့ဝင် ယွန်နာ

Girls' Generation ကေ ပေါ့ပ်အဖွဲ့ဝင် ယွန်နာသည် တရုတ်ရာဇဝင်ဇာတ်လမ်းတွဲသစ် "God of War Zhao Yun" ၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဟု သိရ သည်။

ယင်းဇာတ်လမ်းတွဲမှာ ယွန် နာ၏ ပထမဆုံးတရုတ်ဒရာမာ ဇာတ်လမ်းတွဲဖြစ်သည်။ "God of War Zhao Yun" သည် "Roma-nce of the Three Kingdoms" နာမည်ကျော်ဝတ္ထုမှ စစ်သူကြီး Zhao Yun ၏ ဇာတ်လမ်းကို ဖော်ပြသော ရာဇဝင်ဇာတ်လမ်း တွဲတစ်ခုဖြစ်သည်။ ယင်းဇာတ် လမ်းတွဲကို ၂၀၁၅ ဩဂုတ်တွင် တရုတ်နိုင်ငံ ဟူနန်ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည်။ယွန်နာသည် Zhao Yun ၏ ချစ်သူ Xia Hou Jing အဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ စစ် သူကြီး Zhao Yun အဖြစ် တရုတ် သရုပ်ဆောင်မင်းသား လင်းဂျန် ရှင်းက သရုပ်ဆောင်မည်ဖြစ်ပြီး ဇန်နဝါရီတွင် စတင်ရိုက်ကူးမည် ဟု သိရသည်။

Girls' Generation အဖွဲ့ဝင် ယွန်နာသည် The Prime Minster and I နှင့် Love Rain ကဲ့သို့သော ကိုရီးယားဒရာမာဇာတ်လမ်းတွဲ များ၌လည်း ခေါင်းဆောင်မင်း သမီးနေရာ၌ ပါဝင်သရုပ်ဆောင် ခဲ့ပြီးဖြစ်သည်။ —Ref: Soompi

No comments:

Post a Comment