Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 15, 2014

မသန်စွမ်းသူများအတွက် အထူးသင့်လျော်တဲ့ Chevrolet Travese

ခေတ်မီနည်းပညာစနစ်များပါဝင်လို့ မသန်စွမ်းသူများရွေးချယ်မောင်းနှင်နိုင်မယ့် ချက်ဗလက် ထရန်ဗာ့စ် Chevrolet Travese နဲ့ မိတ်ဆက်ပေးဖို့ရှိပါတယ်။

''မသန်စွမ်းတွေအတွက် သင့်လျော်မယ့်ကားတွေ လဲ ပေါ်လာပါပြီ။ အဲဒီကားတွေကို ကျွန်တော်တို့ ဝက်ဘ် ဆိုက်က ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်''ဟု Motors.com.mm ကားအရောင်းအဝယ် ဝက်ဘ်ဆိုက်မှ ကိုဖြိုးပြည့်စုံလွင်က ပြောပြပါတယ်။

ချက်ဗလက်ထရန်ဗာ့စ်

ချက်ဗလက်ထရန်ဗာ့စ်က မသန်စွမ်းသူများအတွက် မောင်းနှင်ဖို့ သင့်လျော်တဲ့ကားတစ်စီးဖြစ်ပါတယ်။ အတွင်းခန်းကျယ်ဝန်းပြီး အရှိန်ထိန်းစနစ်ပါဝင်ကာ ဘက်စုံသုံးထိုင်ခုံချိန်ညှိစနစ်ပါဝင်ပါတယ်။ ဘေးဘက် က အန္တရာယ်အချက်ပေးစနစ် Side Blind Zone Alert၊ Rear Cross Traffic Aler နည်းပညာစနစ်တွေ ပါဝင်ပါတယ်။

အဲဒီကားက ၃ဒသမ ၆လီတာ V6 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁၈၈ကိုထုတ်လုပ်ပေးနိုင်တဲ့ Mid size SUV အမျိုးအစားကားဖြစ်ပါတယ်။

မသန်စွမ်းများ ကားကိုမောင်းနှင်နိုင်အောင်ဘယ်လိုလုပ်မလဲမသန်စွမ်းသူတွေဟာ ပုံမှန်ကားတွေမောင်းတဲ့ အခါ ခြေနင်းဘရိတ်၊ လီဗာ၊ ကလပ်တွေကိုအသုံးမပြုနိုင်တဲ့အတွက် ဒီကိရိယာတွေကို စတီယာရင်များ
ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ အဲဒီလို သီးသန့်တပ်ဆင် မယ်ဆိုရင်တော့ မြန်မာငွေသုံးသိန်းမှ ငါးသိန်းခွဲ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။

ဦးခေါင်းလှည့်ဖို့ခက်တဲ့ မသန်စွမ်းတွေအတွက် ဘေးနှစ်ဖက်ကမမြင်နိုင်တဲ့ ကားတွေဝင်လာရင် ဆိုနာအသံ လှိုင်းသုံး လမ်းညွှန်ကိရိယာကို ကားမှာတပ်ဆင်သုံးပြီး မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအတွက် ၃၆ဝဒီဂရီအထိ လည်နိုင်တဲ့ ဆုံလည်ထိုင် ခုံတွေ ကားမှာထည့်သွင်းသုံးနိုင်ပြီး ဈေးနှုန်း ကျပ် ၂ဝဝဝဝမှ ၆ဝဝဝဝဝန်းကျင် ကုန်ကျနိုင်တယ်လို့သိရပါ တယ်။

ချက်ဗလက်

ချက်ဗလက်ကားဆိုတာ အကြမ်းခံတဲ့ အမေရိကန်နိုင်ငံထုတ် ကားဖြစ်ပြီး၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံမှာ ကားအရောင်းစင်တာ ဖွင့်လှစ်ထားပါတယ်။

ချက်ဗလက် ထရန်ဗာ့စ်ကားမှာ မော်ဒယ်အလိုက်ဈေးနှုန်းကွာသွားပြီး ကျပ်သိန်း ၃ဝဝကျော်မှ ကျပ်သိန်း ၃၂ဝကျော်ဝန်းကျင်ခန့်ရှိပါတယ်။

ချက်ဗလက်ကားများဝယ်ယူနိုင်ရန် လှည်းတန်းမြို့နယ် ပြည်မြန်မာကုန်တိုက်မှာ ချက်ဗလက်အရောင်းစင် တာဖွင့်လှစ်ထားတယ်လို့သိရပြီး မသန်စွမ်းသူများ အတွက် ကားများရွေးချယ်ဝယ်ယူလိုပါက Motors.com.mm ဝက်ဘ်ဆိုက် ဖုန်း ဝ၉၃ဝ၃၁၁၄၁၇ကို ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Yangon Media Group

No comments:

Post a Comment