Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ် တဲ့။

အားလုံးအတွက် ဝမ်းနည်းပြီး ကရုဏာသက်မိသော အချိန်လေးတစ်ခု
Monday, 22 December 2014 20:03
ကျွန်တော်တို့ရဲ့ ဒေသခံလူ့အဖွဲ့အစည်းမှာ ရှိတဲ့ မိုးကြိုးပြင်ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး ဆုံးပါးသွားကြောင်း ကျွန်တော်တို့လည်း မကြာသေးခင်ကမှ သတင်းရရှိထားပါတယ် ၊ ကျွန်တော်တို့ ဝမ်ပေါင်ဝန်ထမ်းများအားလုံးအနေဖြင့်လည်း ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့လည်း ဆုံးပါးသွားသော အမျိုးသမီး၏ မိသားစုအားလည်း ကိုယ်ချင်းစာမိပါတယ်။ ယနေ့သည် ကျွန်တော်တို့၏ လက်ပံတောင်းမိသားစုထဲမှ မိသားစုဝင်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ် ပါတယ်....
အဆိုပါအမျိုးသမီးသေဆုံးသွားရသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးပါ။ကျွန်တော်တို့ နားလည်သည်မှာ ရဲတပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့ပြီး အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်မိပါတယ်။
လက်ရှိမှာ ကျွန်တော်တို့သည် ဒေသခံများနှင့် ဆက်ဆံရေးတွင် အံ့သြဖွယ်ရာ တိုးတက်ကောင်းမွန်သော အခြေအနေတစ်ရပ်ကို ရရှိထားပြီးချိန်တွင် ကျွန်တော်တို့အတွက် အလွန်စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါ တယ်။ဘာကြောင့်လဲဆိုတော့ ၂ဝ၁၄ ခုနှစ် မေလမှ နိုဝင်ဘာလ အထိ ဒေသခံများနှင့်ကျွန်တော်တို့ အကြားတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းအတွက် ဒေသခံတို့၏ ခွင့်ပြုချက် အမြောက်အများကို ရရှိထားပြီးဖြစ်လို့ပါ။
ယနေ့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များမှာ ကံဆိုးရခြင်း အကြောင်းရင်းများစွာရှိပါတယ်... အထူးသဖြင့် ကျွန်တော်တို့ နှင့် ဒေသခံများအကြား တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာဖြင့် ယုံကြည်မှုကို ကြိုးကြိုးစားစားစတင်တည်ဆောက်နေချိန်တွင် ကံအားလျော်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ခြင်းမှာလည်း ဒေသခံပြည်သူအများစုမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှုပေးထားခဲ့လို့ ဖြစ်ပါတယ်....
ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးပြီးသော ရွာ(၃၅)ရွာရှိ (၇၁)ရာခိုင်နှုန်းသော ဒေသခံများမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် နှင့် စီမံကိန်းအား ထောက်ခံကြောင်း ကျွန်တော်တို့အား မီးစိမ်းပြ ခွင့်ပြုပေးပြီးဖြစ်ပါတယ်၊ စီမံကိန်းကြောင့် သက်ရောက်သော ရွာ(၂၇)ရွာမှ (၉၁)ရာခိုင်နှုန်းနှင့် ကျွန်တော်တို့သည် တစ်အိမ်တက် တစ်အိမ်ဆင်း ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့အားလည်း ထောက် ခံပေးပြီး ဖြစ်ပါတယ်...ထို့ကြောင့် ကျွန်တော်တို့သည် ဒေသခံလူ့အဖွဲ့အစည်းနှင့် ကြီးမားသော ဆက်ဆံရေးတိုးတက်မှု ရှိလာခဲ့ပြီးလည်း ဖြစ်ပါတယ်...
ဤသည်မှာ မျှော်လင့်ချက်နှင့် ဒေသခံများနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြီးမားသော ဖြစ်စဉ်ဖြစ်ပါတယ်၊ အသေးစိတ်ကို website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် အဆိုပါ အမျိုးသမီးတစ်ဦး အသိတရားကင်းမဲ့စွာဖြင့် သေဆုံးသွားရခြင်းအတွက်လည်း ပို၍ နာကျင်ခံစားရပြီး ကရုဏာသက်မိပါတယ် ...သတ္တုတူးဖော်ရေး စီမံကိန်းသည် အဆိုပါဒေသတွင် တည်ရှိနေရခြင်းသည် ကွယ်လွန်သွားခဲ့ရသော အမျိုးသမီးအပါအဝင် ဒေသခံပြည် သူအားလုံးအား အကူအညီပေးသွားနိုင်ရန်ဖြစ်ပါတယ်...
ကျွန်တော်တို့အနေဖြင့် ကွယ်လွန်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်...ကျွန်တော်တို့သည် ကတိကဝတ်ပြုထားသကဲ့သို့ ပင် ဒေသခံများနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် မဆုတ်မနစ်ကြိုးစားသွားပါမယ်.. ဒေသခံရွာသူရွာသားများ၊ဆန္ဒပြသမားများ၊ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအပေါ် အန္တရာယ်ရှိနိုင်သည့် မည်သည့် အကြမ်းဖက် လုပ်ရပ်မျိုးကို မဆို ကျွန်တော်တို့က မလိုလားပါ။
http://www.myanmarwanbao.com.mm

A painful and poignant moment for us all

We have just been informed of the death of a female resident from Moe Kyo Pyin village which is located in our surrounding community. On behalf of all at Wanbao we extend our deepest sympathies and heartfelt condolences to her family and share in their grief at this difficult time. Our hearts and prayers are with her family. Today we have all lost a member of our extended Letpadaung family.

The events leading up to her death are still unclear. We understand the police were also at the scene, and we hope they will start investigating this tragic event.
This event is especially awful given the great turnaround in our relationship with our community. We have achieved amazing progress because we received popular approval for our project through two large community consultations carried out from May until November 2014.

What happened today is unfortunate for so many reasons- and especially unfortunate given how hard we and the villagers have worked together to get closer to one another and start building trust. We have only been able to commence construction because the vast majority of the people gave us the OK to proceed with the project.

You should know that 71% of consulted villagers in 35 villages have given us the green light to continue our project and they support it and that 91% of impacted villagers in 27 villages who were consulted through door to door consultations have also supported us. So we have achieved great strides in our community relationships. There is a great story of hope and reconciliation which you can read about in the (website). This is what makes this senseless death even more painful and poignant. The mining project is there to help people like the lady who has passed away.

Our hearts and prayers are with her family. We are unwavering in our commitment to peaceful dialogue, and we oppose any violent and dangerous activity that jeopardizes the safety of the villagers, the protestors, our staff or the police.

http://www.myanmarwanbao.com.mm/en/our-latest-news/45-december-2014/129-a-painful-and-poignant-moment-for-us-all-.html

No comments:

Post a Comment