Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 14, 2014

ရွှေတိဂုံစေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရန် တစ်နေ့ ရွှေတစ်ပိဿာခန့် အလှူခံရရှိနေ

 ရန်ကုန်၊ ဒီဇင်ဘာ ၉

အနည်းဆုံး ရွှေပိဿာချိန် ၂ဝဝ ကျော်ကုန်ကျမည်ဖြစ်သော ရွှေတိဂုံစေတီတော် ငါးနှစ်တစ် ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှု စတင်နေပြီဖြစ် သည်နှင့်အညီ  အနယ်နယ်အရပ် ရပ်မှ လှူဒါန်းမှု မြင့်တက်လာပြီး တစ်နေ့လျှင်ရွှေတစ်ပိဿာနှုန်းခန့် အလှူခံရရှိနေသည်ဟုသိရသည်။

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီကို နိုဝင်ဘာလဆန်း ကတည်းက ရွှေသင်္ကန်း စတင် ကပ်လှူနေပြီး နိုဝင်ဘာလကုန် အထိ  အလေးချိန် ၆ ကျပ်သားရှိ သောရွှေ စင်ပြား ၁၃၈ ပြား၊ ၃ ကျပ်သား ရွှေပြား ၁၃၂၈ ပြား၊ ၁ကျပ်သားရွှေပြား ၉၁၆၇ ပြား တို့ကိုကပ်လှူပူဇော်ပြီးပြီ ဖြစ် ကြောင်း ဂေါပက အဖွဲ့ထံမှ သိရ သည်။ ရွှေသင်္ကန်းကပ်လှူမှု ကို ယခုလကုန်အထိပြုလုပ်သွားမည် ဖြစ်ရာ ပြည်တွင်း၊ ပြည်ပမှ အလှူ ငွေလက်ခံရရှိမှု ပိုမိုမြင့်တက် လာနေသည်ဟု သိရသည်။

”စနေ၊ တနင်္ဂနွေဆို တစ် ရက်ကို တစ်ပိဿာထက် ပိုတယ်၊ သာမန်ရက်တွေမှာတော့ တစ် ရက်ကို တစ်ပိဿာလောက် လာ လှူကြတယ်”ဟု ဂေါပကအဖွဲ့ ရွှေနှင့် ရတနာဌာနမှ ဦးထွန်း အောင်ငွေက ပြောသည်။

လာရောက် လှူဒါန်းကြသူ များတွင် ငွေတစ်ကျပ်မှအစ ရွှေ စင် ပိဿာနှင့်ချီ၍အဆုံး တသီး ပုဂ္ဂလိကလှူဒါန်းကြသူများရှိသလို ဘာသာရေး အသင်းအဖွဲ့များ၏ ချွေးနဲစာကို အာစိဏ္ဏကံစုဆောင်း ပြီးလာရောက်လှူဒါန်းမှုများလည်း ရှိသည်။

စမ်းချောင်းမြို့နယ် သီရိခေ မာရပ်ကွက်မှ ရတနတ္တသမဂ္ဂဝတ် အသင်းကြီးကလည်း ရွှေတိဂုံ စေတီတော် လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူလာသည်မှာ ၆၄ ကြိ မ်မြောက်ရှိလာပြီဖြစ်ကာ ယခု အကြိမ်အတွက် ရွှေစင် ၂ ပိဿာ နှင့် ၆ ကျပ်သား လှူဒါန်းနိုင်ခဲ့ ကြောင်း သိရသည်။ ထို့အတူ ယခင် ၆၃ ကြိမ်အထိလည်း ရွှေ ၁ဝ ပိဿာနှင့် ၉၁ ကျပ်သား ပူ ဇော်နိုင်ခဲ့သည်ဟု ယင်းဝတ်အဖွဲ့ မှ တာဝန်ရှိသူက ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် ဘော ဂရပ်ကွက် စေတနာသမ္ဘာရဝတ် အသင်းကယခုနှစ်တွင်သိန်းပေါင်း ကိုးရာကျော်တန်ဖိုးရှိ ရွှေတစ်ပိ ဿာ ၅၃ ကျပ်သားကို လှူဒါန်းနိုင် ခဲ့သည်ဟု သိရသည်။

ခေတ်မီ ဓာတုဗေဒ Gold Coating နည်းဖြင့် ပြုလုပ်ထားသော ရွှေစင်ပြား

(၁၅)ကြိမ်မြောက် ရွှေသင်္ကန်း ကပ်လှူသော အင်းစိန်မြို့နယ်မှ ကားပစ္စည်းဆိုင်ပိုင်ရှင်ကိုဇော်ဝင်း က ”နှစ်စဉ်လှူလာတာ ၄၅ ကျပ် သားရှိလာပြီ၊ ဆိုင်က အမြတ်ငွေ ကို အာစိဏ္ဏကံစုပြီး လှူတာပေါ့။ ရောင်းကောင်းရင် ကောင်းသလို စုပြီးလှူတာ။သိသာတာကတော့ တစ်နှစ်ထက်တစ်နှစ် အရောင်း အဝယ် ပိုကောင်းလာတယ်” ဟု ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ရွှေတိဂုံစေတီတော်လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူရန် ငြမ်း ဆင်ရာတွင် အလျားပေ ၂ဝ ရှိ ဝါးအလုံးပေါင်း ၁၇ဝဝဝ ကျော် အသုံးပြုခဲ့ရသည်ဟု ငြမ်းအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းအား လေး နှစ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ၂ဝ၁၉ အကုန် တွင် နောက်တစ်ကြိမ် ထပ်မံကပ် လှူသွား မည်ဟု သိရသည်။

”အပျက်အစီး အများဆုံးက တော့ အနောက်တောင်ထောင့် ဘက်ကပေါ့။ ဘာလို့ဆိုတော့ အ နောက်တောင်လေရယ်၊ ကျနေ ရယ်ကြောင့်ပါ” ဟု ရွှေသင်္ကန်း ကပ်လှူရေး ကြီးကြပ်ရေးမှူးဖြစ် သူက ဆိုသည်။

ရွှေတိဂုံ စေတီတော်တွင် ပြည်တွင်း၊ ပြည်ပအလှူရှင်များက လှူဒါန်းငွေမျိုးစုံ တန်ဖိုး အမေ ရိကန် ဒေါ်လာ ၄၆  သန်းခန့်ကို ဘဏ်စာရင်းဖွင့် ထိန်းသိမ်းထား ကြောင်း   ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိန်ဝင်းအောင်က မီဒီယာများ သို့  ပြောထားဖူးသည်။

No comments:

Post a Comment