Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

ခလရ(၆)တပ်ဝင်း အတွင်း၌ မီးလောင်မှု ဖြစ်ပွား


ဝါယာရှော့ဖြစ်ရာမှ ဘားတိုက်နှင့် သိုလှောင်ထားသည့် စပါးများ မီးလောင်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

၂၅.၁၂.၂၀၁၄ ရက်နေ့ ၁၆၀၅ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ခလရ(၆)တပ်ဝင်း အတွင်း၌ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့မှ မီးသတ်ယာဉ်(၆)စီး တို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၁၆၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ အဆိုပါနေရာရှိ စပါးများ သိုလှောင်ထားသော အလျား (၈၀)ပေ၊ အနံ(၃၀)ပေရှိ အုတ်ကာ၊ သွပ်မိုး ကွန်ကရစ် လူပျိုဘားတိုက် အဆောင်အတွင်း သွယ်တန်းထားရှိသော လျှပ်စစ်ဝါယာကြိုးများရှော့ဖြစ်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး သိုလှောင်ထားသော စပါးများအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် စပါးများနှင့် ဘားတိုက် အဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ဘားတိုက်အား တာဝန်ယူ ထိန်းသိမ်းသူ တပ်ခွဲတပ်ကြပ်ကြီး ၀င်းဌေးအား ရွှေပြည်သာမြို့မရဲစခန်း (ပ)၈၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment