Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 10, 2014

နိုင်ငံရေးကို တို့ထိဝေဖန်ထားသည့် စကားပြောခန်း များကြောင့် ခန့်စည်သူ၏ "အကြွေးတော်ပုံ အောင်ရမည်" ဇာတ်ကား ဆင်ဆာထိ

Written by  မြင့်မြင့်စိုး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀။ လပ်ကီးဘော့စ် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ ဒါရိုက်တာဇေပါ ရိုက်ကူးသည့် ခန့်စည်သူ၊ အိချောပို နှင့် ဟာသ သရုပ် ဆောင်များပါဝင်သည့် "အကြွေးတော်ပုံအောင်ရမည်" ဇာတ်ကားကို မြန်မာ့ရုပ်ရှင် မြင့်တင်ရေး ဦးစီးဌာနမှ ဆင်ဆာ ထောက် ချက် ၁၉ ချက်ဖြင့် ပြန်လည် ပြင်ဆင်ရန် သတ်မှတ်လိုက်ပြီး ပြင်ဆင် အကဲဖြတ် ပြီးပါက ဇာတ်ကား အဆင့်အတန်း သတ်မှတ်သည့် စိစစ် အကဲဖြတ် အဖွဲ့သို့ ပြန်လည် တင်ပြ ခိုင်းခဲ့သည်ဟု ယင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သူ ခန့်စည်သူက မဇ္ဈိမကို ပြော သည်။


အကြွေးတော်ပုံ အောင်ရမည် ဇာတ်ကားမှ အဓိက သရုပ်ဆောင် ခန့်စည်သူ။

ယင်းဇာတ်ကားသည် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး၏ ဘဝကို ပုံဖော် ရိုက်ကူးထားခြင်း ဖြစ်ပြီး ဇာတ်လမ်းအစတွင် ခန့်စည်သူနှင့် သူငယ်ချင်း သုံးဦးမှ “အချို့လူတွေရဲ့ စကားကကွာ နားထဲမှာ ထော်လော် ကန့်လန့်နဲ့ သူတို့မှာ မိသားစု မရှိတာ ကြနေတာပဲ။ တစ်နေ့ နှစ်ထောင်လောက်နဲ့ လောက်အောင် သုံးရမယ်တဲ့။ တချို့ကလည်း မိုက်တီးက ဆလံသအောင် ဗိုက်ကြီး လှန်ပြတဲ့ လူနဲ့၊ အမှားစရိုက် ကဲပြီး ပါးရိုက်ဆဲမယ့်လူနဲ့၊ တချို့ကလည်း မပြတ်မသား တစ်နပ်ပဲစားတဲ့၊ ပြောရဲ သေးတယ်ကွာ ဖယောင်းတိုင် တစ်တိုင်နဲ့ တစ်တိုင်းပြည်လုံး ဘယ်လိုလုပ်ပြီး လင်းမှာလဲ။ သူတို့တွေက မကောင်းတာတွေ လုပ်တာများပြီး ကောင်းတာလေး တစ်ကွက်လုပ်တာ နဲ့ ကျေပြီ ထင်နေတာ။ အဲဒီဂျိုးက ငရဲအိုးမှာ ဘယ်လောက်တောင် ကပ်နေမလဲ။ သံယောင်းမနဲ့ ထိုးခွာ အဲဒီ ဂျိုးမကွာဘူး။ သူ့စရိတ်နဲ့သူ သွားပါလိမ့်မယ်" စသည့် စကားများကို ပြောခဲ့ကြသည်။

ထို့အပြင် "ဆန်ခိုးမမိ၊ ဖွဲခိုးမိ၊ ဆန်ခိုး မဖမ်းသေးတာ ဆန်ခိုး မမိသေးတာ မဟုတ်ဘူး၊ ဖွဲခိုးတဲ့ သူတွေကတော့ ကွိခနဲ နေတာပဲ။ အဲဒီကောင်တွေ လမ်းကြောင်း မရှင်းလို့ မိတာ လူကြီးစကား နားထောင်လို့ပါ။ သတိ၊ သင့်ကိစ္စပြီးလျှင် ရေသုံးပုံး လောင်းပါ။ သုံးသိန်းကျော် လက်ဆောင်ယူမှ လာဘ်စားမှု မြောက်တယ်ဆိုတော့ လာဘ်စားတဲ့ သူတွေကို တရားဝင် လိုင်စင်ချပေးတာနဲ့ မတူဘူးလား။ အဲဒီကိစ္စ ငါတို့ မဆွေးနွေး တော့ဘူး။ ငွေနှစ်ထောင်နဲ့ လောက်အောင်သုံး ဟိုထဲမှာ အိပ်ငိုက်နေတဲ့ လူတွေ ဆက်ပြီး ဆွေးနွေး လိမ့်မယ်”  ဟူသည့် စကားများကို ပြောခဲ့ကြရာ ယင်းစကားများ အပါအ၀င် ထောက်ချက် ၁၉ ချက်ဖြင့် ပြန်လည် ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ ကြခြင်ဖြစ်သည်ဟု ခန့်စည်သူက ပြောသည်။

“ကျွန်တော်ရဲ့ ဒီစကား အသုံးအနှုန်း တွေကို ပြန်ပြင်ခိုင်း ပါတယ်။ ဒီစကားတွေက စာနယ်ဇင်းမှာ ရှိတဲ့ ဆောင်းပါးတွေ၊ ကာတွန်းတွေ ပြည်သူ များ အားလုံး သိပြီးတဲ့ စကားတွေပေါ် အခြေခံ ထားတာပါ။ တီထွင်ပြီး ရိုက်ထားတဲ့ အချက်ရှိရင် ထောက်ပြပါ။ တစ်ခုမှ မရှိပါဘူး။ ဒီကားထဲ မှာ ပါတဲ့ အချက်တစ်ချက် ရှိတယ်။ 'မင်းဘယ်သွား တာလဲ ဆိုတော့ ကျွန်တော်က အာဇာနည်နေ့ ဗိုလ်ချုပ် ကျောက်တိုင် မှာ သွားပြီး အလေးပြုတာပါ' လို့ပြောတော့ 'မင်းတော်တော် အားနေလား' တဲ့၊ ' ဗိုလ်ချုပ်ကို သတိရလို့ သွားအလေးပြု တာပါ။ ဗိုလ်ချုပ်က မစားဘဲ စွန့်သွားလို့ လေးစားလို့ပါ' ဆိုတော့ 'စားပြီး မစွန့်တာ ဘယ်သူလဲ ဆိုတော့ လေးလေးပေါ့' လို့ဖြေလိုက်တာ။ အဲဒီ စာသား အဖြုတ်ခံရတယ်။ မကြာမီက အာဆီယံ ဥက္ကဋ္ဌရာထူး လွဲပေးလိုက်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဆိုရင် အာဆီယံအဆင့် အကျင့်ပျက်ခြ စားမှု အဆိုးရွားဆုံး နိုင်ငံထဲမှာ ပထမ အဆင့်ပါ။ ကျွန်တော်တို့ အနုပညာသမား တွေက ဒီလို မှားယွင်းတဲ့ အချက်လေးတွေ ကို ထောက်ပြ ပေးတာ ပါ။ ၁၉ ချက် ဖြတ်ခံရတာ ဖန်တီးသူ တစ်ယောက်အနေနဲ့ တော်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ပြောမယ်ဆိုရင်  ၁၉ ချက်က ကျွန်တော်ကား အတွက် တော်တော်ကို များနေပါတယ်”ဟု ခန့်စည်သူ ကထပ်မံ ပြောသည်။

ယင်းဗီဒီယို ဇာတ်ကားကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်က လပ်ကီးဘော့စ် ရုပ်ရှင် ထုတ်လုပ်ရေးက ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ ရုပ်ရှင် မြင့်တင်ရေး ဦးစီးဌာန၊ ဇာတ်ကားအဆင့် သတ်မှတ်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ စိစစ်ရေး ဌာနခွဲသို့ တင်ပြခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပသည့် ဇာတ်ကား အဆင့်အတန်း သတ်မှတ်ရေး စိစစ်အကဲဖြတ် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ဆင်ဆာထောက်ချက် ၁၉ ချက်ကို ပြင်ဆင်ပြီးမှသာ ပြန်လည်တင်ပြ နိုင်ရန် သတ်မှတ်ခဲ့သည်။
Mizzima
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/34489-2014-12-10-14-35-47

No comments:

Post a Comment