Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 16, 2014

လှိုင်သာယာမြို့နယ်မှာ ကလေးအလောင်းများ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်၍ စွန့်ပစ်ခဲ့သူအား အရေးယူ


                                    ကလေးအလောင်းများ စွန့်ပစ်ခဲ့သူအား အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

၁၄.၁၂.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ သာယာဝတီလမ်းတွင် မွေးကင်းစ ကလေး အလောင်းများ စွန့်ပစ်ထားကြောင်း သတင်းအရ သွားရောက်စုံစမ်း စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မွေးကင်းစ ယောင်္ကျားလေး အလောင်း(၂)လောင်းအား ကြွပ်ကြွပ်အိတ် အနက်ရောင်(၁)လုံးစီဖြင့် ထည့်၍ စွန့်ပစ်ထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၁.၁၂.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်ခန့်၌ လှိုင်သာယာ မြို့နယ်တွင် နေထိုင်သော အသက်(၂၉)နှစ်အရွယ် မိခင်ဖြစ်သူမှ ကလေး မွေးဖွားစဉ် (၃)မွှာပူးမွေးဖွားခဲ့ရာ ၎င်းကလေးငယ်(၂)ဦးမှာ သေဆုံးလျက် မွေးဖွားလာသဖြင့် အသက်(၃၆)နှစ်အရွယ် ဖခင်ဖြစ်သူမှ အဆိုပါနေရာသို့ လာရောက်စွန့်ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ကလေးအလောင်းများအား စွန့်ပစ်သူ အမျိုးသားကို လှိုင်သာယာမြို့မ ရဲစခန်း(ပ)၁၈၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၁၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment