Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 12, 2014

မင်္ဂလာဆောင်၌ ''ဒုက္ခိတ''ဟု ပြောလို့ လူသတ်မှုဖြစ်

                        အရက်အတူသောက်ပြီး စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၁ဝ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ချောင်းဖြူကျေးရွာနေ အေးဆောင်၏ မင်္ဂလာဆောင်၌ အဆိုပါကျေးရွာနေသူများဖြစ်သည့် လင်းရွှေ(၅၃)နှစ်နှင့် မောင်ညွန့်(၄၃)နှစ်တို့သည် အရက်အတူသောက်စဉ် လင်းရွှေမှ မောင်ညွန့်အား ''ဒုက္ခိတ''ဟု ပြောသည်ကို မကျေနပ်၍ စကားများရန်ဖြစ်သဖြင့် လင်းရွှေအား ဦးကြည်ထွန်းက ၎င်း၏နေအိမ်သို့ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်သွားပြီးနောက် မောင်ညွန့်မှ ဦးကြည်ထွန်း၏ နေအိမ်သို့ လိုက်လာကာ အရိုးအသွား(၆)လက်မခန့် ဓါးမြှောင်ဖြင့် လင်းရွှေအားထိုးရာ လင်းရွှေတွင် ဒဏ်ရာများရရှိ သေဆုံးသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းသဖြင့် မောင်ညွန့်အား မုန်တောင် နယ်မြေရဲစခန်း(ပ)၁၂/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment