Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 16, 2014

မြ၀တီမြို့ ဆောင်းရာသီ လမ်းလျှောက်ပွဲတွင် အုပ်စုဖွဲ့ရိုက်မှုဖြစ်

မြ၀တီမြို့တွင် မြို့နယ် အား/ကာမှ ဦးဆောင်ပြုလုပ် သည့် ဆောင်းရာသီလမ်းလျှောက် ပွဲတွင် ကျောင်း သားများပါဝင် သည့် လူငယ်ချင်းအုပ်စုဖွဲ့ရိုက်နှက် မှု ဖြစ်ပွားခဲ့ကာ တစ်ဦးဓားဒဏ်ရာ ရခဲ့ကြောင်းသတင်း ရရှိသည်။

ဒီဇင်ဘာ ၁၃ရက် နံနက် ၂ နာရီခန့်က မြ၀တီမြို့ ပြည်ခိုင်ဖြိုး ရုံးအနီးတွင် အဆိုပါရန်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး (၁၄)နှစ်အရွယ်အရပ်သားလူငယ်တစ်ဦး ဓားဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း မြ၀တီမြို့မရဲ စခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘သူတို့က ဘာအုပ်စု ညာ အုပ်စုဆိုပြီး သတ်မှတ်တာပါ။ တစ်ယောက်နဲ့ဖြစ်တော့ အုပ်စုတူ တွေက မတူတဲ့ အဖွဲ့ကအုပ်စုကိုဝိုင်းရိုက်ကြတာပါ။ စစ်ဆေးနေပါတယ်’’ဟု အဆိုပါအမှုစစ် ရဲ အရာရှိကပြောသည်။

အုပ်စုဖွဲ့ရန်ပွဲတွင် အဋ္ဌမတန်းနှင့် န၀မတန်းကျောင်းသားခြောက်ဦးပါဝင်ပြီး ၎င်းတို့ကို အာမခံပေးထားကာ အရပ်သားလူငယ်တစ်ဦးကို ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ ဒီဇင်ဘာလအတွင်း စနေနေ့တိုင်းပြု လုပ်သည့် ဆောင်းရာသီလမ်းလျှောက်ပွဲမှာ (၂) ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် စနေနေ့က လမ်းလျှောက်ပွဲ တွင်ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံးခဲ့သည်။

အောင်သစ်လွင် | 7day

No comments:

Post a Comment