Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

၁၁ နှစ်ကြာ ကားနောက်ပြန်မောင်းနေသူ

အိန္ဒိယနိုင်ငံက တိုက်စီမောင်းသမား ဟာပရီဒေ့ရှ်ဟာ ဘာတင်ဒါလို့ခေါ်တဲ့ သူ့မြို့လေးမှာတော့ မသိသူ မရှိပါဘူး။

အကြောင်းကတော့ သူဟာ ကားမောင်းရင် နောက်ပြန်ပဲ မောင်းလို့ဖြစ်ပါတယ်။ ဒီလို နောက်ပြန်မောင်းလာတာကလည်း ၁၁ နှစ်ရှိပါပြီ။ အိန္ဒိယအစိုးရဟာ သူ့အတွက် အထူးသီးသန့် လိုင်စင်ထုတ်ပေးထားရပါတယ်။ ဒီလိုင်စင်ကြောင့် နိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်တွေထဲက ဘယ်ပြည်နယ်မှာမဆို သူဟာ နောက်ပြန်မောင်းခွင့် ရရှိနေပါတယ်။

မောင်းလာတာကြာတော့ တည့်တည့်မောင်းဖို့လည်း သူ့ကိုယ်သူ မယုံတော့ဘူးလို့ဆိုပါတယ်။ဒီလိုမောင်းတာဟာ ၂၀၀၃ ခုနှစ်က စပါတယ်။ တစ်ညမှာ သူ့ကားဟာ နောက်ပြန်ဂီယာ ညပ်သွားပါတယ်။ ညကလည်း တော်တော်မှောင်နေပါတယ်။



“ကျွန်တော်က မြို့ပြင်မှာ။ ပိုက်ဆံကလည်းမရှိဘူး။ ကျွန်တော်လည်း ဘာတင်ဒါထိ ကားကို နောက်ပြန်မောင်းဖို့ စဉ်းစားလိုက်တယ်။ နောက်ပိုင်း ကျွန်တော်က နောက်ပြန်ပဲ မောင်းတော့တယ်။ ယုံကြည်မှုလည်းရလာတယ်” လို့ ဒေ့ရှ်က ပြောကြားခဲ့ပါတယ်။



သူဟာ တစ်နာရီ မိုင် ၅၀ နှုန်းထိ နောက်ပြန်မောင်းနိုင်ပါတယ်။ သူ့ကားရဲ့ ဂီယာဘောက်တွေဘာတွေကိုလည်း စိတ်တိုင်းကျ ပြင်ဆင်ထားပါတယ်။
၂၀၀၅ ခုနှစ်တုန်းက နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထိ နောက်ပြန်မောင်းခဲ့ပါတယ်။ လက်ရှိမှာ ဂင်းနစ်မှတ်တမ်းဝင်ဖို့ ဟာပရီဒေ့ရှ်က ကြိုးစားနေပါတယ်။

Phothutaw.com

No comments:

Post a Comment