Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 23, 2014

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာအတိုင်း ၀မ်ပေါင်ကုမ္ပဏီ နဲ့ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေး ကော်မတီက လိုက်နာဆောင်ရွက် ခြင်းမရှိ

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားတဲ့
အစီရင်ခံစာအတိုင်း ၀မ်ပေါင်ကုမ္ပဏီ နဲ့ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေး
ကော်မတီက လိုက်နာဆောင်ရွက် ခြင်းမရှိတာကြောင့် ပဋိပက္ခတွေဆက်လက်
ဖြစ်ပွားနေတာလို့စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
လယ်ယာမြေလျော်ကြေးကိစ္စတွေအတွက် ကျေးရွာသားတွေနဲ့ ပြေလည်အောင် ညှိနှိုင်းဖို့ ကော်မရှင်အစီရင်ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပေမယ့် လိုက် နာခြင်းမရှိဘူးလို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ဒါ့အပြင် ဇန်န၀ါရီလမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ လက်ပံတောင်းတောင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းသွားမယ်လို့
ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ရေး
ကော်မတီမှာ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဒုတိယဥက္ကဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ စစ်ရေးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ၀မ်ပေါင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာနဲ့
ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယ၀န်ကြီးတွေ စုစုပေါင်း ၁၅ဦး ပါဝင်ပါတယ်။
သတင်း- RFA.

No comments:

Post a Comment