Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 14, 2014

ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာသုံး အွန်လိုင်းဆိုင်များ ဈေးကွက်ကျယ်ပြန့်လာ

အွန်လိုင်းအရောင်းဆိုင် များ၏ ရောင်းအားသည် ယခုနှစ် ပိုင်းမှစပြီး ဆိုင်ခန်းဖွင့်လှစ်ရောင်း ချသော ဈေးဆိုင်များ၏ ရောင်း အားများ တိုးတက်လာကြောင်း အွန်လိုင်း အရောင်းဆိုင်များမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင်း သွားရေး လာရေးကြန့်ကြာမှုကြောင့် ပြင်ပ သို့ ကိုယ်တိုင်သွားရောက်ဝယ်ယူ မှုနည်းပါးသွားပြီး တိုးတက်လာ သည့် ခေတ်ရေစီးကြောင်းအရ အွန်လိုင်းအသုံးပြုသူများလာခြင်း ကြောင့် အွန်လိုင်းဈေးကွက် တိုး တက်လာခဲ့ခြင်းဖြစ်ကြောင်း အွန် လိုင်းစာမျက်နှာပိုင်ရှင်အချို့က ဆိုသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ဗိုက်ဘာအကောင့်များသည် အွန်လိုင်းအရောင်းအ၀ယ်လုပ်သည့် အဓိကနေရာများဖြစ်သည်။ အွန် လိုင်း၌ ဈေးဝယ်ယူသောစနစ်မှာ ဆယ်ကျော်သက် မိန်းကလေး များကြား ခေတ်စားနေသော ၀န် ဆောင်မှုတစ်ခုဖြစ်ပြီး ခေါင်းအစ ခြေအဆုံးပစ္စည်းများကို ၀က်ဘ် ဆိုက်တွင်ကြည့်ရှုကာရွေးချယ်မှာ ယူကာ အိမ်သို့ တိုက်ရိုက်ပို့ပေး သောကြောင့် အချိန်ကုန်လူပင် ပန်းသက်သာစေသည်။

‘‘အခုနောက်ပိုင်းမှာ အသက် (၂၀)၀န်းကျင်မိန်းကလေးတွေရဲ့ အော်ဒါက သိသိသာသာများလာတယ်’’ဟု အလှကုန်သီးသန့်ရောင်းချသော အွန်လိုင်းအရောင်းဆိုင် Htar Store မှ ဒေါ်ထားထားခိုင်က ပြောသည်။

အွန်လိုင်းအရောင်းဆိုင်များ ၏ အားသာချက်မှာ ဆိုင်ခန်းဈေး နှုန်းခနှင့်အလုပ်သမားများလစာ မလိုအပ်ခြင်းကြောင့် ရောင်းချ သည့် ကုန်ပစ္စည်းတွင်ဈေးလျှော့ ပေးထားနိုင်၍ ၀ယ်ယူသူများအ တွက် ဈေးသက်သာသည်ဟု ဒေါ်ထားထားခိုင်ကပြောသည်။

ယုဇနပလာဇာတွင်ဆိုင်ခန်းဖွင့်လှစ်ရောင်းချသော သက်တမ်း၁၆နှစ်ရှိသည့် မွန်အလှ ကုန်ပစ္စည်းဆိုင်မှ မကေသီမွန်ကလည်း ‘‘တစ်ရက်ကို ပျမ်းမျှရောင်းအားက တစ်သိန်းခွဲနီးပါးရှိတယ်။ အွန်လိုင်းရှော့ပင်းလုပ်တဲ့သူတွေများလာတော့ ကိုယ်တိုင်လာဝယ်ကြတဲ့ တစ်ဦးချင်း ၀ယ်သူတွေနည်းသွားပြီ။ အသေးစားအွန်လိုင်း ရှော့ပင်းလုပ်တဲ့ မိန်းကလေးငယ် တချို့လည်း လက်ကားလာဝယ် ကြတာတွေရှိတယ်’’ ဟု ပြော သည်။

တစ်နိုင်တစ်ပိုင် လုပ်နိုင် သည့် အွန်လိုင်းဈေးကွက်စီးပွား ရေးသည် ကျောင်းတက်နေဆဲမိန်း ကလေးငယ်များအတွက် တစ် ဖက်တစ်လမ်းမှ ၀င်ငွေရရှိနိုင် သည့် နည်းလမ်းတစ်ခုဖြစ်နေပြီး အွန်လိုင်းအရောင်းဆိုင်များမှာ နေအိမ်မှ အလုပ်မပျက်ရောင်းချ ၀ယ်ယူနိုင်သောကြောင့် အောင် မြင်လာခြင်းဖြစ်သည်ဟု မိန်းကလေးငယ်အချို့ကဆိုသည်။

‘‘အခုနောက်ပိုင်း ပြင်ပ ဆိုင်တွေ ထိုင်းက ပစ္စည်းတွေ အများဆုံး ၀ယ်ယူလာကြတယ်။ တခြားပစ္စည်း အမျိုးအစားတွေ လည်း ရှိပေမယ့် ဈေးကြီးတာနဲ့ ရေရှည်အတွက် စဉ်းစားကြ တယ်။ ထိုင်းဘက်က ပစ္စည်းအ များစုက ဒီကမိန်းကလေးတွေရဲ့ အသားအရေနဲ့လည်း သင့်တော် တယ်။ အွန်လိုင်းရှော့ပင်းအများစု ကလည်း ထိုင်းက ပစ္စည်းတွေပဲ တင်ကြတယ်’’ ဟု သက်တမ်းသုံး နှစ်နီးပါးတည်တံ့ခဲ့သည့် နာမည် ကြီးအွန်လိုင်းအရောင်းဆိုင်တစ်ခု ကဆိုသည်။

အွန်လိုင်းအရောင်းဆိုင်များ လူသိများလာပါက ၎င်းတို့၏ စာ မျက်နှာများတွင် Likeပေါင်းသိန်း နှင့်ချီဖြစ်လာကာ ၀ယ်ယူသူများ ပြားလာပြီး လူမှုကွန်ရက်စာမျက် နှာများအပြင် ဗိုက်ဘာဖြင့်လည်း ရောင်းချလာကြသည်။

‘‘အွန်လိုင်း ရှော့ပင်းကို အသုံးပြုလာကြတဲ့ သူတွေကအခု နောက်ပိုင်းမိန်းကလေးတွေအ ပြင် လူငယ်ယောက်ျားလေးတွေ လည်းများလာတယ်။ သူတို့က ဘောဒီအလှအတွက်ကြွက်သား အားတိုးဆေးတွေဝယ်ကြတယ်’’ ဟု ဒေါ်ထားထားခိုင်က ပြော ကြားသည်။

‘‘ညီမကိုယ်တိုင်ကလည်း သူများတွေ အွန်လိုင်းရှော့ပင်းလုပ်တုန်းက ၀ယ်နေကျပါ။ အဲဒီလိုအွန်လိုင်းကနေ ၀ယ်တာက စိတ်ချမ်းသာမှုရှိတယ်။ ပြီးတော့ ညီမတို့အရွယ်တွေကြားမှာ ဘယ်သူက အွန်လိုင်းကနေ ၀ယ်တာဆိုပြီး ပြောကြတာက ခေတ်စားမှုတစ်ခုလိုဖြစ်လာတယ်။ အခု လောလောဆယ်မှာတော့ ထိုင်းကပစ္စည်းတွေတင်တယ်။ ဘော်ဒီလိုးရှင်းတွေ၊အသားဖြူဆေးတွေ အဆီကျဆေးတွေအများဆုံး ရောင်းရတယ်’’ဟု အသေးစား အွန်လိုင်းအရောင်းဆိုင် ပြုလုပ်နေသည့် မန္တလေးမှ မဖြူစင်ခိုင်က ပြောကြားသည်။
http://7daydaily.com/story/27051#.VI4qJ3u6bMs

No comments:

Post a Comment