Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 24, 2014

မိကျောင်းသားရေ အချပ် ၃ဝဝဝ ထက်မနည်း တရုတ်အကောက်ခွန် ဖမ်းဆီး


ရှာမင်း ဒီဇင်ဘာ ၂၄

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူးကျန့်ပြည်နယ်မှ အကောက်ခွန် အာဏာပိုင်များသည် တရုတ်(တိုင်ပေ)မှ တရားမ ဝင်သင်္ဘောဖြင့် ပို့ဆောင်လာသည့် မိကျောင်း သားရေ ၃ဝ၂၂ ချပ်အား ဖမ်းဆီး ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ဆင်ဟွာ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ရှာမင်း အကောက်ခွန်ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦး၏ အဆိုအရ ပြီးခဲ့သည့် ဇွန်လလယ်က ဖူးကျန့် အခြေစိုက် ကုန်သွယ်ရေးကုမ္ပဏီတစ်ခုသည် တရုတ်(တိုင်ပေ)မှ တင်သွင်းလာသည့် အေးခဲနေသည့် ငါးအသားလုံးများ အတွက် တရားဝင်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ကြောင်း၊ သို့သော် ပုံဖျက်ထားသည့် ငါးအသားလုံးများမှာ မိကျောင်းသားရေ ၁၃၂၈ ချပ်သာဖြစ်ကြောင်း နောက်ပိုင်း တွင် အကောက်ခွန် အရာရှိများက တွေ့ရှိခဲ့သည်။

တရုတ်(တိုင်ပေ)မှ စီးပွားရေးသမားနှစ်ဦးသည် မိကျောင်းသားရေများကို စင်ကာပူမှတင်သွင်းကာ တရုတ် (တိုင်ပေ)တွင် အရောင်ဆိုး၍ ပြည်မကြီးသို့ သင်္ဘောဖြင့် တင်ပို့ရန် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုအား ငွေပေးချေခဲ့ ကြောင်း အကောက်ခွန်ဌာန၏ စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိ ခဲ့သည်။

ဖူးကျန့်အခြေစိုက်ကုမ္ပဏီအား ပို့ဆောင်ရေး ကုမ္ပဏီက ရှာမင်းအကောက်ခွန်ဌာန၌ ကုန်ပစ္စည်းများ ဝင်/ထွက်ခွင့်ရရှိရန် လုပ်ငန်းအပ်နှံခဲ့သည်။ တန်ဖိုးကြီး လက်ကိုင်အိတ်များပြုလုပ်ရာတွင် အသုံးပြုသည့် မိကျောင်းသားရေများအား သားရေထွက်ကုန်များအတွက် အဓိကကုန်သွယ်မှုပြုလုပ်ရာ အချက်အချာနေရာတစ်နေရာ ဖြစ်သည့် ကွမ်ကျိုးသို့ ပို့ဆောင်ရန် စီစဉ်ထားသည်။

ဖူးကျန့်ကုမ္ပဏီသည် ပြီးခဲ့သည့် မေလနှင့်ဇွန်လ အစောပိုင်းကလည်း မိကျောင်းသားရေ ၁၆၉၄ ချပ်အား နှစ်သုတ်ခွဲ၍ ကုန်ကူးရန် ပို့ဆောင်ရေးကုမ္ပဏီအား ကူညီခဲ့ ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါအမှုအား အစိုးရရှေ့ နေများထံ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment