Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 21, 2014

အဓမ္မပြုကျင့်ခံရသည့် နိုင်ငံခြားသူ တရားသူကြီးထံ အမှုအပ်ကာ ရန်ကုန်ပြန်မည်

အဓမ္မပြုကျင့်ခံရသည် ဟုဆိုကာ ကိုယ်တိုင်တရားလိုပြု လုပ်တိုင်ကြားထားသည့် ပီရူးနိုင်ငံ သူသည် တရားသူကြီးထံ အမှုအပ် ၍ရန်ကုန်မြို့သို့ ယနေ့ပြန်လာ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘သူကိုင်တိုင်လက်ရေးနဲ့ရေး ထားတဲ့ တိုင်ချက်ထားခဲ့မှာ။ မ နက်ဖြန် တရားသူကြီးရှေ့မှာ ထွက်ချက်ပေးဖို့ စောင့်ခိုင်းထားရ မယ်။ ပြီးတာနဲ့ ရန်ကုန်ကိုပြန်မယ် လို့ပြောတယ်။ သူက ပြန်ချင်နေ ပြီ။ တရားလိုရဲ့တိုင်ချက်က သက် သေခံဝင်တဲ့အတွက် တရားစွဲခံ ထားရတဲ့သူက ဒီလိုပဲ တရားရင် ဆိုင်သွားရမှာပဲ’’ဟု ကျိုက်ထိုမြို့ မရဲစခန်း စခန်းမှူးဒုရဲမှူးကိုကိုဦး က ဒီဇင်ဘာ ၂၁ရက်တွင် ပြော သည်။
ဒီဇင်ဘာ ၂၀ရက် နံနက်က ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်း အနီးရှိ ကင်မွန်းချောင်းဘေး တစ်နေရာတွင် အသက် (၂၂)အရွယ်အမျိုးသားတစ်ဦး၏ အဓမ္မပြုကျင့်ခံရ၍ ၎င်းကရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ကင်မွန်းချောင်းအနီး မြေပုံအညွှန်းတွင်ပါသည့် စေတီငယ်တစ်ဆူကို ရှာဖွေပေးရန် အမျိုးသားတစ်ဦးအား အကူအညီတောင်းရာမှ အဆိုပါအမျိုးသားက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းဒုရဲမှူးကိုကိုဦးက ပြောသည်။
အဓမ္မပြုကျင့်သူကို ရပ်ကွက် က ဖမ်းဆီးခဲ့ကာ ရဲစခန်းသို့အပ်နှံခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကင်မွန်းချောင်းရဲစခန်း၌ ထိန်း သိမ်းထားသည်။ ပီရူးနိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်ကို ရဲတပ်ဖွဲ့၏ စောင့်ရှောက်မှုဖြင့် ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စေကြောင်း သတင်းရရှိ သည်။
7Day Daily

No comments:

Post a Comment